Connect with us

Politics, Law & Military

တပ်မတော်သားကိုယ်စားလှယ် ခုနှစ်ဦး အစားထိုးပြောင်းလဲ ခန့်အပ်

လွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးအားအစားထိုး ပြောင်းလဲလိုက်ကြောင်း သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့လွှတ်တော်ရှိ ယခင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားကိုယ်စားလှယ် ငါးဦးနေရာ၌ ဗိုလ်မှူးကြီးအဆင့်များဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်ရှိ ယခင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးနေရာတွင် ဗိုလ်မှူးကြီးအဆင့်များဖြင့်လည်းကောင်း အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၆ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်းခဲ့သော တပ်မတော်သား ကိုယ်စားလှယ် ခုနှစ်ဦးအား အမည်စာရင်းပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲခွင့် ပြုလိုက်ခြင်းဖြစ်သည်။တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၃ဝ ဦးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ကလည်း အစားထိုး ပြောင်းလဲထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.