Connect with us

Politics, Law & Military

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခြင်း နှင့် ဒုတိယ ဝန်ကြီး တစ်ဦး ခန့်အပ်ခြင်းတို့ကို သမ္မတရုံး ထုတ်ပြန်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ACC Myanmar)

နေပြည်တော် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးမှ နုတ်ထွက်သည်ကို ခွင့်ပြုခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး နေရာ၌ ဦးဟောက်ဒိုဆွမ်း အား ခန့်အပ် တာဝန်ပေးခြင်းတို့ကို နိုင်ငံတော်သမ္မတရုံးက ယနေ့ ညနေ ၈ း ၀၀ နာရီတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်(အငြိမ်းစား ဗိုလ်ချုပ်) သည် လက်ရှိ တာဝန်မှ မိမိဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အနားယူခွင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ဦးအောင်ကြည်အား နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းမှ စတင်၍ နုတ်ထွက်ခွင့် ပြုလိုက်သည်ကို နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ်၂၉ / ၂၀၂၀ ဖြင့်လည်းကောင်း ၊ ဦးဟောက်ဒိုဆွမ်း အား ဒုတိယ ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းကို အမိန့်အမှတ် ၂၈ / ၂၀၂၀ ဖြင့် လည်းကောင်း ယနေ့ည MRTV ၏ ၈ း ၀၀ နာရီသတင်း၌ အသီးသီး ထည့်သွင်း ဖော်ပြခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ အနားယူခဲ့ခြင်းနှင့် ပတ်သက်ပြီး အဂတိ လိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးကျော်စိုးက အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်သည်၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး ပေါ်ပေါက် လာသည့် ကော်မရှင် ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ နုတ်ထွက်ခြင်း တို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်ရကြောင်း၊ ဥက္ကဋ္ဌ၏ မိမိ ဆန္ဒအလျောက် နုတ်ထွက်ခွင့်တောင်းခံစာကို နိုင်ငံတော်သမ္မတကြီးထံ နိုဝင်ဘာလ ၁၄ ရက်နေ့၌ သွားရောက် တင်ပြခဲ့ကြောင်း၊ ကော်မရှင်အဖွဲ့ ဝင်များ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့် တူညီပြီး ကော်မရှင်အဖွဲ့ဝင် အသီးသီးသည် အသက် ၇၅ နှစ်အထက် မကြီးရဟုပြဋ္ဌာန်းထားကြောင်း၊ ဥက္ကဋ္ဌက အသက် ၇၅ နှစ်ထဲသို့ ရောက်ရှိနေကာ ကော်မရှင်သက်တမ်းသည်လည်း ကုန်ဆုံးလုနီးပါးရောက်ရှိနေပြီ ဖြစ်ကြာင်း၊ ထို့အပြင် ဥက္ကဋ္ဌ ကိုယ်တိုင်က ၎င်း၏ ကျန်းမာရေးကောင်းချိန်တွင် သံသရာခရီးအတွက် ပြင်ဆင်လိုသည်ဟု မကြာခဏပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် ကော်မရှင်သက်တမ်း မကုန်မီ လအနည်းငယ်စောပြီး ယခုကဲ့သို့ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.