Connect with us

Politics, Law & Military

မြန်မာ့ ကမ်းရိုးတန်း ဒေသ ရေလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာများ ဖွံ့ဖြိုး တိုးတတ်ရေး ငါးလုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး

မြန်မာ့ ကမ်းရိုးတန်း ဒေသ ရေလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာများ ဖွံ့ ဖြိုး တိုးတတ်ရေး ငါးလုပ်ငန်း ပူးတွဲ စီမံခန့် ခွဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသူများ အားတွေ့ရစဉ် (ဓာတ်ပုံ-မွေး/ရေနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများ ဖြစ်သည့် ရခိုင်နှင့် တနင်္သာရီ ဒေသများရှိ ရေလုပ်သားများ ဘဝနှင့် ရေလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် ငါးလုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Fisheries Co-management in Coastal Areas in Myanmar) အား ဒီဇင်ဘာလ ၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ငါးလုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှူ လုပ်ဆောင်ရခြင်းသည် ငါးလုပ်ငန်း သယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲမှု ပြုလုပ်ရေး ဆိုင်ရာ စီမံချက် ရေးဆွဲမှု အပေါ် အားကောင်းလာစေရန် ရည်ရွယ်၍ ပြုလုပ် ရခြင်းဖြစ်ပြီး ယခု စီမံကိန်းတွင် အဓိက တာဝန်ယူ လုပ်ဆောင်ပေးမည့် ကျွမ်းကျင် ပညာရှင်သည် ငါးလုပ်ငန်း ပူးတွဲစီမံ ခန့်ခွဲရေး နှင့် ပတ်သက်၍ အတွေ့အကြုံ များစွာ ရှိသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် အတွေ့အကြုံကောင်း များစွာ ရရှိမည် ဖြစ်ကြောင်း၊ အထူးသဖြင့် အသက်မွေးဝမ်းကျောင်းမှုနှင့် ပတ်သက်၍ ဝင်ငွေ နည်းပါးသည့် ရေလုပ်သားများနှင့် မိသားစုဝင်များ၊ ရေလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာ များအတွက် အထူး အလေးပေး အထောက်အပံ့ ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ငါး လုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှု ပြုလုပ်ခြင်းသည် ငါးလုပ်ငန်း သယံဇာတ အရင်း အမြစ်များ ရေရှည် တည်တံ့ရေးနှင့် ထုတ်လုပ် သုံးစွဲမှု ပြုလုပ်နိုင်ရေး အတွက် ငါးလုပ်ငန်း စီမံခန့်ခွဲရေး ဆိုင်ရာ မူဝါဒများ၊ အစီအမံများ ချမှတ်နိုင်ရေး အတွက် အထောက်အပံ့ ပြုပေး နိုင်မည် ဖြစ်ပါကြောင်း၊ အဓိက အားဖြင့် မြန်မာနိုင်ငံ အစိုးရမှ မူဝါဒ ချမှတ် လုပ်ဆောင်နေသည့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းစဉ်အပေါ် အကျိုး သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကမ်း ရိုးတန်းဒေသများတွင် ငါးလုပ်ငန်း ပူးတွဲစီမံခန့်ခွဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ငါးလုပ် ငန်းဦးစီးဌာနနှင့် DANIDA တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.