Connect with us

Politics, Law & Military

ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ဖမ်းဆီး ရမိ

ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီး ရမိခဲ့မှုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar )

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ကိုင်ဆောင်ထားသူ တစ်ဦးအား အောက်တိုဘာ ၁၆ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ထားဝယ်မြို့ အနောက်မြို့တွင်းရပ်ကွက် သဟာယ လက်ဖက်ရည်ဆိုင်၌ ကောင်းထက်ဇော် ဆိုသူ ကိုင်ဆောင်သည့် ပိုက်ဆံအိတ်အတွင်းမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၃၆ ရွက် နှင့် ဖုန်းတစ်လုံး ၊ ၎င်းတည်းခိုသည့် တည်းခိုခန်း အခန်းတွင်းမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၃၂ ရွက် ၊ ထူးနေလင်း တံဆိပ်ပါ စက္ကူ ၁ ထုပ် ၊ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ခဲချွန်ဓါး ၁ ချောင်း၊ ကတ်ကြေး ၁ လက် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်မှု အရ သိရသည်။

ဖမ်းဆီးရမိခဲ့သော ကောင်းထက်ဇော် ဆိုသူကို ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.