Connect with us

Politics, Law & Military

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကြေညာမည့် ရက်ကို ကော်မရှင် ဥက္ကဋ္ဌ အတည်ပြု ပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြားနေစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇန်ဝါရီ ၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကို သက် ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားပြီး ကြေညာ သွား မည်ဟု နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ယနေ့ကျင်းပသည့် နိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံပွဲ၌ ကော်မရှင် ဥက္ကဌက အတည်ပြု ပြောကြားသည်။

ထို့အပြင် ၎င်းက “မဲစာရင်းမှာ အမည် စာလုံး သတ်ပုံ မှားရုံ၊ မှတ်ပုံတင်၊ အဘအမည်၊ မွေးသက္ကရာဇ် မှားရုံနဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးမှာ မဟုတ်ပါဘူး၊ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅၀ (ဂ) အရ မဲစာရင်းမှာ မှားယွင်းမှု ရှိသော်လည်း မဲပေးပိုင်ခွင့် ရှိသူ အမှန် ဖြစ်ကြောင်း တာဝန်ခံ ပြောကြားသူ ရှိရင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့် ပြုရ မယ်လို့ပြဌာန်းထားပါတယ်၊ ဒါကိုလည်း မဲဆန္ဒရှင် ပြည်သူလူထု သိအောင် နိုင်ငံရေးပါတီများ အနေနဲ့ အသိပညာပေးဆောင်ရွက်စေလိုပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ သို့တက်ရောက်လာသူများကို တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံရေးပါတီ ၂၄ ခုတို့မှ ကိုယ်စားလှယ်လောင်း ၈၇ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ၉၅ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၃၀ ရက် အတွင်း မဲဆွယ် စည်းရုံးကြရမည်ဖြစ်ရာ ထိုသို့ စည်းရုံးရာတွင် မူလက ဆန္ဒတူ ညှိနှိုင်း ရေးဆွဲထားသည့် ကျင့်ဝတ်များ နှင့်အညီ လေးစား လိုက်နာ ဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ် အေးချမ်းရေးက အဓိကကျသဖြင့် မိမိတို့ ပါတီကို ထောက်ခံ အားပေးကြသည့် ပြည်သူလူထုကိုလည်း ပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်း ဆော်သြ ဆောင်ရွက်ကြရန်နှင့် မဲဆွယ် စည်းရုံးရာတွင်ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) နှင့် (၁၄) ပါ ပြစ်မှုများနှင့် အငြင်းပွားဖွယ်ရာများ မဖြစ်စေရေးကိုလည်း အလေးထား ဆောင်ရွက်ကြရန် ကော်မရှင် ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ၂၀၁၇ ခုနှစ်ကြားဖြတ်ရေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦးတို့တက်ရောက်ခဲ့ကြပြီး ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ မဲစာရင်း ကိစ္စ၊ မဲရုံ ကိစ္စများအား ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.