Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၇၉၈ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ နှင့်အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၉၈ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ(CCDAC)က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်၂၂း၃ဝနာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ ဈေးလမ်းဆုံ ကညင်တန်းရပ်ကွက်မှ မောင်တောမြို့နယ်အတွင်းသို့ ဘူးသီးတောင်မြို့၊ အမှတ်(၇)ရပ်ကွက်နေ သူများဖြစ်သည့် ဝေယံမင်း ၂၄ နှစ် မောင်းနှင်လာသောမော်တော်ဆိုင်ကယ်နှင့် အောင်မင်းနိုင် ၂၂ နှစ် မောင်းနှင်လာ သောမော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မြို့မအရှေ့ရပ်ကွက်တွင် ဝေယံမင်းအား ၎င်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈,၅ဝဝ ပြား တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး အောင်မင်းနိုင် အား မြို့မအနောက်ရပ်ကွက်တွင် ၎င်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝ,၅ဝဝ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၃၉၉,ဝဝဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၉၈ဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ ကွင်းဆက်ဖော်ထုတ်စစ်ဆေးခဲ့ရာ စိတ်ကြွ ရူးသွပ်ဆေးပြားများ၏ပိုင်ရှင်ဖြစ်သူ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ ဒေါ်အေးခိုင်ဇင် မှ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်းပေါ်ပေါက်၍ ယင်းနေ့ ၂၂း၅ဝ အချိန်တွင် ဒေါ်အေးခိုင်ဇင် ၄၉ နှစ်အား စံပြရပ်ကွက်၊ ဘော်လုံးကွင်းရှေ့ လမ်းပေါ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.