Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၏ ဆိပ်ကမ်းမြို့နယ် ပယ်ဖျက်ခြင်း၊ လှိုင်သာယာမြို့နယ် နှစ်မြို့နယ်ခွဲခြင်း လွှတ်တော် မှတ်တမ်းတင်

ရန်ကုန်မြို့လယ်မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် (အနောက်ပိုင်း)ခရိုင်၊ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ဧရိယာအစိတ်အပိုင်းအချို့အား အနောက်ပိုင်းခရိုင်အတွင်းရှိ လမ်းမတော်မြို့နယ်နှင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ ဗိုလ်တထောင်မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမြို့နယ်အား ပယ်ဖျက်ခြင်းနှင့် ရန်ကုန်(မြောက်ပိုင်း)ခရိုင်အတွင်းရှိ လှိုင်သာယာမြို့နယ်အား နှစ်ပိုင်းခွဲပြီး မြို့နယ်နှစ်ခုအဖြစ် သတ်မှတ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော် ယနေ့အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။

 “ရန်ကုန် ဆိပ်ကမ်း မြို့နယ် မော်တင် ယာယီဈေးရပ်ကွက်ကို လမ်းမတော် မြို့နယ် အတွင်းသို့ လည်းကောင်း၊ ဆိပ်ကမ်းမိသားစု ရိပ်သာ၊ ရဲရိပ်သာ ရပ်ကွက် နှစ်ရပ်ကွက်နှင့် ရေပိုင်နက် ၁၀၄ စတုရန်းမိုင်တို့ကို ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် အတွင်းသို့ လည်းကောင်း၊ ထည့်သွင်း ဖွဲ့စည်းပြီး ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ခြင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ်ကို လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်နှင့် လှိုင်သာယာ အနောက်ပိုင်း မြို့နယ် အဖြစ် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို နိုင်ငံတော် သမ္မတရုံး၏ ၂၇ – ၁- ၂၀၂၀ ရက်စွဲပါ စာအမှတ် ၅၀၈ (၅)/ ၁၂/ သမ္မတရုံးဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားပါတယ်။ အထက်ပါ မြို့နယ် ရပ်ကွက်များ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခြင်းကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈ အရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ အစည်းအဝေးတွင် ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင် ဟူ၍ ခရိုင်လေးခုရှိပြီး မြို့နယ် ၄၅ မြို့နယ်ပါဝင်သည်။ ယခုပြောင်းလဲဖွဲ့စည်းပြီးနောက် အရှေ့ပိုင်းခရိုင်တွင် မြို့နယ် ၁၄ ခု၊ အနောက်ပိုင်းခရိုင်တွင် ၁၂ ခု၊ မြောက်ပိုင်းခရိုင်တွင် ၉ ခုနှင့် တောင်ပိုင်းခရိုင်တွင် ၁၀ ခု ရှိမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.