Connect with us

Politics, Law & Military

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲသတင်းထုတ်ပြန်ချက် (၂) သမ္မတရုံးထုတ်ပြန်

သမ္မတရုံး၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ --နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥပဒေအကြံပေး ဦးကိုနီအား အင်ဒိုနီးရှားနိုင်ငံလေ့လာရေးခရီးမှအပြန် ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှု နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကြည်လင်း နှင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံ အောင်ဝင်းဇော် တို့အား ထိန်းသိမ်းထားပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ကျပ်သိန်း ၁၀၀၀ ပေး ခိုင်းစေသည့် အောင်ဝင်းခိုင် အား စစ်ဆေးသိရှိရပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးကို တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက် (၂) အား ထုတ်ပြန်ချက်ခဲ့သည်။

လေဆိပ် CCTV မှတ်တမ်းများကို စစ်ဆေးရာတွင် အောင်ဝင်းခိုင်သည် လေယာဉ် ဆိုက်ရောက်မည့် အချိန်ကို စုံစမ်းမေးမြန်းခဲ့သည့် မှတ်တမ်းများ တွေ့ရှိရပြီး ၎င်းအားဖမ်းဆီးနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိကြောင်း၊ ၎င်းအောင်ဝင်းခိုင်ဆိုသူသည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ငွေပေးစေခိုင်းသူ တရားခံအောင်ဝင်းခိုင် နှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးကို တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့အဖြစ် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ တရားခံ အောင်ဝင်းဇော်အား ကနဦးစစ်ဆေးဖော်ထုတ်ချက်အရ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေပေး၍ ခိုင်းစေသူမှာ ၎င်း၏ညီဖြစ်သူအောင်ဝင်းခိုင်ဆိုသူ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ အတွင်း အောင်ဝင်းခိုင်မှ ငွေကျပ်သိန်း (၁၀၀၀) ပေးမည်ပြောပြီး ဦးကိုနီအား သတ်ဖြတ်ရန်ခိုင်းစေခြင်းဖြစ်ကြောင်း၊ စရန်ငွေအဖြစ် ငွေကျပ် သိန်း ၁၀၀ ပေးအပ်ခဲ့ကြောင်း၊ အောင်ဝင်းခိုင်ထံမှ ကမ်းလှမ်းချက်အရ လုပ်ကြံပေးနိုင်မည့်သူကို ရှာဖွေခဲ့ကြောင်း၊ ရှေးဦးစွာ အင်းစိန်တွင် နေထိုင်သူ အောင်စိုးအား သွားရောက်တွေ့ဆုံကမ်းလှမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် အောင်စိုးထံမှ ဆက်သွယ်လာခဲ့သော်လည်း သတ်ပေးရမည့် သံတမန်ပြန်သွားပြီ ဟုပြောကာ လမ်းစဖြတ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်-စက်တင်ဘာလခန့်တွင် ၎င်းထံကြည်လင်းရောက်ရှိလာကာ အလုပ်တောင်းခံခဲ့ကြောင်း၊ ဦးကိုနီအား သတ်ပေးမည်ဆိုလျှင် ငွေကျပ်သိန်း ၈၀၀၊ ၁၀၀၀ ခန့် ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ ကြည်လင်းက မော်တော်ကားတစ်စီးဝယ်ပေးလျှင်ရပြီ ဟု ပြန်ပြောခဲ့ကြောင်း၊ အောင်ဝင်းခိုင်ထံမှ ရရှိမည့် ငွေကျပ် သိန်း ၁၀၀၀ အနက်မှ ကြည်လင်းအား သိန်း ၈၀၀ ခန့်ပေးမည်ဖြစ်ပြီး ကျန်သိန်း ၂၀၀ အား လိုအပ်သည့် နေရာတွင် အသုံးပြုရန် ချန်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် သေနတ်ဝယ်ယူရန် ကရင်ပြည်နယ် ၊ ဘားအံမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ၉မမ ပစ္စတို ၁ လက် နှင့် ၎င်းကျည် ၁၁ တောင့်ကို ငွေကျပ် ၂၅ သိန်း ဖြင့်လည်းကောင်း၊ ၅လုံးပြူးသေနတ်တစ်လက် နှင့် ၎င်းကျည် ၄တောင့်ကို ငွေကျပ် ၂၅ သိန်းဖြင့်လည်းကောင်း အောင်ဝင်းခိုင်ထံမှ စရန်ငွေရသည့် သိန်း ၁၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ၊ အုန်းဖန်နေ မြင့်ဆွေထံမှ သေနတ်များဝယ်ယူခဲ့သည်ဟု လိမ်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အောင်ဝင်းဇော်ထံ တယ်လီဖုန်းမှ တစ်ဆင့် အောင်ဝင်းခိုင်က ဆက်သွယ်လာခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဦးကိုနီ လေယာဉ်ဖြင့်ပြန်လာမည်ဖြစ်၍ သေနတ်အဆင်သင့်ပြင်ထားရန် ပြောကြားခဲ့ကြောင်း၊ ထိုနေ့ နံနက်၉ နာရီအချိန်တွင် အောင်ဝင်းခိုင်က ၂ ကြိမ်ဆက်သွယ်လာ၍ လေဆိပ်သို့ ဦးစွာသွား နှင့်မည်ဟု ပြောကြားခဲ့ကြောင်း၊ နေ့လည် ၁ နာရီခန့်တွင် ကြည်လင်းထံ ဆက်သွယ်၍ အငှားယာဉ်ဖြင့် လာရောက်ရန်ပြောကြားခဲ့ပြီး လေဆိပ်သို့ထွက်ခွာခဲ့ကြောင်း၊ လေဆိပ်သို့ရောက်ရှိသောအခါ အောင်ဝင်းခိုင် နှင့် တယ်လီဖုန်း မက်ဆေ့အပြန်အလှန်ပို့၍ ဦးကိုနီ ထွက်လာမည့် ဂိတ်ပေါက်ကို အသိပေးလာခဲ့ကြောင်း၊ ရိုးရိုးခရီးသည်ဆိုက်ရောက်ဂိတ်ပေါက်မှထွက်မည်၊ CCTV သတိထား၊ ဖုန်းမဆက်တော့ နှင့် မက်ဆေ့အားလုံးဖျက်ပစ်လိုက်တော့ ဟူ၍ မက်ဆေ့ပို့ခဲ့ကြောင်း ၎င်းနောက် ကြည်လင်းက ဦးကိုနီအား အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး မော်တော်ယာဉ်ဖြင့် ထွက်ပြေးရာ ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်သူများ အနေဖြင့် ထွက်ပြေးလွတ်မြောက်နေသော တရားခံ အောင်ဝင်းခိုင် နှင့် စပ်လျဉ်း၍လည်းကောင်း၊ တည်ငြိမ်မှု ပျက်ပြားရန် လုပ်ဆောင်မှုများ နှင့် ဆက်စပ်၍လည်းကောင်း၊ သတင်းအချက်အလက်များ သိရှိပါက တာဝန်ရှိသူများထံ အသိပေးဆက်သွယ်ကြရန် မေတ္တာရပ်ခံကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117