Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော အမှတ် (၁) ဝင်/ ထွက် စခန်း (POE) ကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်

မောင်တောမြို့နယ် အမှတ်(၁) ဝင်/ထွက်စခန်း ပြန်လည်ဖွင့်လှစ်သည့်နေရာပြမြေပုံ (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော အမှတ် (၁) ဝင်/ ထွက် စခန်း (POE) ကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ အမှတ်(၁) ဝင်/ထွက် စခန်း (POE) မှ ဝင်ထွက်မှုများ ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ယခုလက်ရှိအခြေအနေတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာသဖြင့် နှစ်နိုင်ငံနယ်ခြား စာချုပ်ပါ အချက်များအရ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မောင်တောမြို့ အမှတ်(၁) ဝင်/ ထွက် စခန်းအား ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.