Connect with us

Politics, Law & Military

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုး

လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုး ခြင်း အခမ်းအနား မြင်ကွင်းပုံ (ဓာတ်ပုံ-MOI)

ရန်ကုန်၊စက်တင်ဘာ ၂၆ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိ မင်္ဂလာဒုံလေယာဉ် ဆီဌာနခွဲ ၏ လေယာဉ် ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း အတွက် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Puma Energy Group Pte. Ltd. တို့သည် Joint Venture Agreement ကို လက်မှတ်ရေး ထိုး ချုပ်ဆိုခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါစာချုပ်လက်မှတ်ရေးထိုးခြင်းမှ စာချုပ်ပါစည်းကမ်းအရ Signature Bonus အမေရိကန်ဒေါ်လာ ၂၀ သန်း ရရှိမည်ဖြစ်သည်။ လုပ်ငန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှု အနေဖြင့် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅၁ သန်းဖြစ်ရာ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အနေဖြင့် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၆ သန်းတန်ဖိုးရှိ လက်ရှိအသုံးပြုနေသော ပစ္စည်းများအား ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး Puma Energy Group Pte. Ltd. မှ အစုရှယ်ယာ ၄၉ % အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြုပ်နှံကာ အကျိုးတူ ဖက်စပ်ကုမ္ပဏီကို National Energy Puma Aviation Services Co., Ltd. အမည်ဖြင့် ဖွဲ့စည်း၍ လုပ်ငန်းစတင် လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။

နှစ်ဖက်သဘောတူစာချုပ်များကို မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် Puma Energy Group Pte. Ltd. မှ Chief Operating Officer Mr. Robert Jones တို့က လက်မှတ် ရေးထိုးကာ စာချုပ်များကို အပြန်အလှန် လဲလှယ်ကြသည်။

Puma Energy Group Pte. Ltd. သည် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၁၀,၄၂၃ ဆိုင်၊ အကြီးစား သိုလှောင်ဖြန့်ဖြူးရေး စခန်းကြီး ၈၀ ခု၊ ရေနံချက်စက်ရုံ ၂ ရုံ ကို ပိုင်ဆိုင် ထားပြီး ရေနံသန့်စင်ချက် လုပ်ခြင်းလုပ်ငန်းနှင့် ရေနံထွက် ပစ္စည်းများကို သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရောင်း ချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ယခု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ် ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ဖက်စပ်လုပ်ငန်း ဆောင်ရွက်ရန် အတွက် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်းသည် ၂၀၁၄ ခုနှစ် မေလတွင် Letter of Expression of Interest တင်သွင်းရန် စတင်ဖိတ်ခေါ်ခဲ့ပြီး ဆက်လက်၍ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူ အောင်မြင်ခဲ့သည့် လုပ်ငန်း အတွက် လက်မှတ်ရေးထိုး ခြင်းဖြစ်ပြီး စာချုပ် သက်တမ်းမှာ နှစ်ပေါင်း ၃၀ ဖြစ် သည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက “မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရဲ့ လက်ရှိ ဆောင် ရွက်နေတဲ့ လုပ်ငန်းတွေထဲမှာမှ ဖက်စပ် လုပ်ငန်းဆောင် ရွက်ဖို့ တင်ဒါခေါ် ယူခဲ့ခြင်းအတွက် ဒါက ပထမဦး ဆုံးလက်မှတ်ရေးထိုးခြင်းဖြစ်တယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.