Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် ဟိုတယ်အလုံးပေါင်း ၁၂၂၅ လုံး ရှိပြီး ဟိုတယ်ဆောက်လုပ်ခွင့်များ ခွင့်ပြုပေးလျက်ရှိဟုဆို

ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၏ လိုဂိုပုံအား မြင်တွေ့ရစဉ်( ဓာတ်ပုံ- Ministry of Hotel & Tourism website )

ရန်ကုန်၊စက်တင်ဘာ၂၆ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုပိုမိုမြင့်မား လာသည့် အတွက် ဟိုတယ်များအား တိုးချဲ့ဆောက်လုပ် လျက်ရှိရာ နောက်ဆုံးလုပ်သည့်စာရင်းအရ မြန်မာနိုင်ငံတွင် ဟိုတယ်အလုံးပေါင်း (၁၂၂၅) လုံး ၊ အခန်းပေါင်း (၄၇, ၉၁၁) ခန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှသသတင်းထုတ်ပြန်သည်။

ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူက “ ဒီစာရင်းက ကျွန်တော်တို့ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ လုပ်ထားတဲ့စာရင်းပါ။ ဟိုတယ်ဆောက်လုပ်ခွင့်တွေကို ဆက်ပြီးတော့လည်း ခွင့်ပြုပေးနေပါတယ်’’ ဟုပြောသည်။

နေပြည်တော် ပြည်ထောင်စုဒေသ တွင် ဟိုတယ် (၆၃) လုံး ၊ အခန်းပေါင်း (၅၁၃၇) ခန်း၊ ရန်ကုန်မြို့တွင် ဟိုတယ်(၃၁၁) လုံး၊ အခန်းပေါင်း(၁၄,၅၁၈) ခန်း၊ မန္တလေးမြို့ တွင် ဟိုတယ်အလုံးပေါင်း (၁၆၂) လုံး ၊ အခန်းပေါင်း(၆၆၀၅) ခန်း ၊ ပုဂံ/ညောင်ဦးမြို့တွင်ဟိုတယ်အလုံးပေါင်း (၇၈) လုံး ၊ အခန်း ပေါင်း (၂၅၆၅) ခန်း ရှိပြီး တောင်ကြီး/အင်းလေးတွင် ဟိုတယ်အလုံးပေါင်း (၁၀၀) လုံး ၊ အခန်းပေါင်း (၃၀၁၇) ခန်း ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် အနေဖြင့် (၁၈၄၇) ခုခွင့်ပြုပေးထားပြီး နိုင်ငံခြားသားကုမ္ပဏီ (၁) ခု ၊ နိုင်ငံခြားသားနှင့် နိုင်ငံသားပိုင်ကုမ္ပဏီ (၃၉) ခု နိုင်ငံသားပိုင် ကုမ္ပဏီ (၁၈၀၇) ခုအား ခွင့်ပြုပေးထားခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် (၄၂၃) ခု ၊ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် (၄၀၂၀) ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လိုင်စင် (၁၅၁၅) ခု ကိုလည်း ကျွန်တော်တို့ ဌာန အနေနဲ့ ခွင့်ပြုပေးထားပါတယ်ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။ (Xinhua)