Connect with us

Politics, Law & Military

ရန်ကုန်တိုင်းအတွင်း ကျပ် ၁၉ ဘီလီယံတန်ဖိုးရှိ ဒုတိယအများဆုံး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မင်္ဂလာဒုံ စက်မှုဇုန် (ဇေကမ္ဘာဝင်း) အတွင်းဖမ်းဆီး ရမိသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒုတိယအများဆုံး တန်ဖိုးဖြစ်သည့် ငွေကျပ်၁၉ ဘီလီယံ တန်ဖိုးရှိသော မူးယစ် ဆေးဝါးများကို ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ တက္ကသိုလ် ရိပ်မွန် အိမ်ရာဝင်း အတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်း ဒဂုံအရှေ့မှ ရဲမှူး တင်ထွန်း မှ ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ရဲမှူးကတင်ထွန်းက “ မင်္ဂလာဒုံ မြို့နယ်မှာ ၁၃၃. ၅ ဘီလီယံ ရှိတဲ့ စိတ်ကြွ ရူးသွပ်ဆေးပြား တွေ သိမ်းဆည်း ရမိခဲ့ပြီးနောက် ဒါက ဒုတိယ အများဆုံး သိမ်းဆည်း ရမိခြင်းပါပဲ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပူးပေါင်းအဖွဲ့ နဲ့ ဖမ်းဆည်း ရမိခဲ့တာပါ’’ ဟုပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသည့် အိမ်မှ အစောင့် ၂ ယောက်အား စစ်ဆေး နေကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရရှိမှုတွင် WY စိတ်ကြွ ရူးသွပ်ဆေးပြားဟု ယူဆရသော ဆေးပြားပေါင်း ၃၈ သိန်းကျော်နှင့် ICE (အိုက်စ်) ၃၅၀ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

စက်တင်ဘာလ ၂၅ရက်နေ့တွင်လည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မြို့သစ် ၁လမ်းထိပ် ရိုးကြီးချောင်းအတွင်းမှလည်း ပီနံအိတ်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြားများဟု ယူဆရသော WY စာတန်းပါ ရေစိုနေသော ဆေးပြား ငွေကျပ်သိန်း ၃၂၇၀ တန်ဖိုး ရှိဆေးပြားများအား သိမ်းဆည်းရမိကြောင်း သိရသည်။

ရဲမှူးကတင်ထွန်းက “မူးယစ်ဆေးဝါးတွေ ဆက်လက် သိမ်းဆည်း ရမိဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပူးပေါင်းပြီး ဘဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117