Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ကုန်ကျစရိတ်အား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်း မရှိသော ကိုယ်စားလှယ်လောင်း ၁၆၀ ဦးကို အရည်အချင်း ပျက်ယွင်းသူများ အဖြစ် သတ်မှတ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-UEC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကုန်ကျစရိတ်အား သတ်မှတ်ရက်တွင်း တင်သွင်းခြင်းမရှိသော ကိုယ်စားလှယ်လောင်း ၁၆၀ ဦးကို အရည်အချင်း ပျက်ယွင်းသူများ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ သတ်မှတ် ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သူများကို အရည်အချင်း ပျက်ယွင်းသူများ အဖြစ် သတ်မှတ်ရန် သင့်၊ မသင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်း စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် သတ်မှတ်ရက် အတိုင်း တင်သွင်းရန် ပျက်ကွက်ခဲ့သဖြင့် ကြေညာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း အရည်အချင်း ပျက်ယွင်းသော ကိုယ်စားလှယ်လောင်းများသည် လက်ရှိလွှတ်တော် သက်တမ်း ကာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများ၌ ထပ်မံ ပါဝင် ယှဉ်ပြိုင်ခွင့် မရှိကြောင်း ကြေညာချက်၌ ရေးသားထားသည်။

ရွေးကောက် တင်မြှောက်ခံရသည့် ကိုယ်စားလှယ် လောင်းစာရင်း ကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို သက်ဆိုင်ရာသို့ တင်ပြရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.