Connect with us

Politics, Law & Military

စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု ပြုလုပ်နေစဉ် မြန်နှုန်းမြင့် လေယာဉ် ၃ စီး ဝင်ရောက် ပျံသန်းခဲ့ဟု တပ်မတော် ထုတ်ပြန်

တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-တပ်မတော်ရေ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တပ်မတော်(ရေ) စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ပြုလုပ်နေသော နေရာသို့ မြန်နှုန်းမြင့် လေယာဉ် ၃ စီး ဝင်ရောက် ပျံသန်းခဲ့ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

ယင်းလေ့ကျင့်ခန်း ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၆:၂၈ နာရီမှ ၁၆:၃၇ နာရီအတွင်း မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစား စိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ဝင်ရောက် ပျံသန်းခဲ့ကြောင်း စိစစ်သိရှိရသည်။

အဆိုပါ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်နေ့အထိ ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို သတ်မှတ် ဧရိယာ ဖော်ပြ၍ လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ စစ်သံရုံးများ၊ ပြည်တွင်း သတင်းဌာနများမှ ကြိုတင် သတင်းထုတ်ပြန် အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

တပ်မတော် (ရေ) လေ့ကျင့်ခန်း ဆောင်ရွက်ရာတွင် အမြောက်၊ ဒုံးပျံ ပစ်ခတ် လေ့ကျင့်မှုများ ပါရှိသဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံ အသိပေးကြောင်းကြားမှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117