Connect with us

Politics, Law & Military

အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့မှ အကြောင်းပြန်ကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

လက်ရှိ အခြေအနေတွင် အစိုးရ အဖွဲ့သစ်သို့လုပ်ငန်း တာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး အတွက် ဆောင်ရွက်နေသဖြင့် အရေးကြီး အဆိုကို ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကျယ်ပြန့်စွာ လေ့လာရန် အချိန် လိုအပ်နေပါသဖြင့် အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့မှ အကြောင်း ပြန်ကြားမှုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ဖေဖော်ဝါရီလ ၂၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

ပုလဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသော အရေးကြီးအဆိုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၄ ခုအား ဖြေကြား ရှင်းလင်းရန် ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စု အစိုးရ အဖွဲ့မှ ဖေဖော်ဝါရီလ ၂၅ ရက်စွဲဖြင့် စာဖြင့် အရေးကြီး အဆိုများပါ အကြောင်းကိစ္စရပ်များကို ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် ဆွေးနွေးရန် သင့်/မသင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား သုံးသပ်ရန် လိုအပ်မည် ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေတွင် အစိုးရ အဖွဲ့သစ်သို့လုပ်ငန်း တာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး အတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီး အဆိုကို ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာရန် အချိန် လိုအပ်နေပါသဖြင့် အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြား လာပါကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့တင်ပြခဲ့သည်။

ထို့ကြောင့် အစီအစဉ်များကို လွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသိပေး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.