Connect with us

Politics, Law & Military

ရွေးကောက်ပွဲ နီးကပ်လာချိန် ပါတီကြီးများ အပြိုင်အဆိုင် မဲဆွယ်မှု အရှိန် မြင့်တက်လာ

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်က မဲဆွယ်ဟောပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာချိန် နှင့် အမျှ နိုင်ငံရေး ပါတီကြီးများ၏ နေရာအန့ှံ ၌ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးဟောပြော လှုပ်ရှားမှုများအား အရှိန်အဟုန် ပိုမို မြင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တစ်ပတ်ခန့်မျှ ကျန်ရှိတော့သည့် နိုဝင်ဘာလ ၁ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ နေပြည်တော် ကောင်စီ နယ်မြေအတွင်း ၌ ဒက္ခိဏသီရိ မြို့နယ်လုံးကျွတ် ပါတီဝင်များ စုံညီစုပေါင်း စည်းရုံးပွဲ ခေါင်းစဉ်ဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမြင့်လှိုင်က မဲဆွယ် စည်းရုံး ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ပါတီဝင်များနှင့် ဒေသခံပြည်သူ ပရိသတ်ပေါင်း နှစ်ထောင်ခန့်တက်ရောက် ခဲ့သည်ဟု ဆိုသည်။

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်လုံးကျွတ် ပါတီဝင်များ စုံညီစုပေါင်း စည်းရုံးပွဲ သို့ တက်ရောက်လာသော ပါတီဝင်များ နှင့် ဒေသခံပြည်သူ့များ (ဆင်ဟွာ)

ယင်းအခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်သော ဦးမြင့်လှိုင်က မဲဆွယ် စည်းရုံး ဟောပြောခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၏ ဖွံ့ဖြိုးတိုးတတ်ရေး ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားခဲ့ပြီး မဲဆန္ဒရှင်များကို ကတိပြုချက် ၇ ချက် ပေး၍ အကောင်အထည်ဆောင်ရွက် သွားမည်ဟု ကတိပြုပြောကြားခဲ့သည့်အပြင် ယင်းကတိပြုချက် ၇ ချက်ကို နှစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု သတင်းမီဒီယာများသို့ပြောကြားခဲ့သည်။

“ဒီမိုကရေစီ စနစ်ရဲ့အနှစ်သာရ ပြည်သူထံမှ ပြည်သူထံသို့နဲ့အညီ နိုင်ငံတော်ကြီးကို ပိုမိုတိုးတက် သာယာ ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အရှိန်အဟုန် မြှင့်တင် တည်ဆောက်နိုင်ဖို့ပြည်သူလူထုရဲ့အင်အား ပြည်သူ့စွမ်းအား ဖြင့်သာ အကောင်အထည်ဖော် နိုင်မှာ ဖြစ်ပါတယ်။ပြည်သူလူထု အင်အားသည် အလွန် အရေးကြီးတဲ့ လိုအပ်ချက် ဖြစ်ပါတယ်”ဟု ဦးမြင့်လှိုင်က မဲဆွယ်စည်းရုံး ဟောပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်မှ စတင်၍ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အချိန်သတ်မှတ် ပေးထားသည်။ (Xinhua)