Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ပြည်သူ့ ဆန္ဒရလဒ်ကို လက်ခံမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲပေးအပြီးတွင် မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်များသည် ပြည်သူ့ ဆန္ဒ ဖြစ်သောကြောင့် မိမိအနေဖြင့် လက်ခံသွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာများသို့ ယနေ့ ပြောကြားခဲ့သည်။

“ကျွန်တော်ကတော့ အမျိုးဘာသာ သာသနာ ပညာကို အလေးထားတဲ့ ပါတီ ၊ နောက် ဒို့တာဝန် အရေးသုံးပါးကို အလေးထားတဲ့သူ ။ ကျနော် အမြဲ ပြောတယ် ။ ကျနော်တို့နဲ့ တပ်မတော်နဲ့လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ ပါတီကို ရွေးချယ်ပြီး မဲပေးခဲ့ပါတယ် ။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ့်သူကိုပဲ မဲပေးခဲ့ပါတယ်၊ ပြည်သူ့ ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာပါပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့ သည် ဇေယျာသီရိမြို့ အနော်ရထာရပ်ကွက် မဲရုံအမှတ် ၁ သို့ ယနေ့ နံနက် ၉:၀၀ နာရီတွင် လာရောက်မဲပေးအပြီး မီဒီယာများသို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော့် ရဲဘော်ရဲဘက်တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အဓိကက မဲပေးချင်လို့ပါ ဒီနေ့မှ မဲပေးတာပါ” ဟူ၍လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် ” ပြည်သူတွေ သာယာရေးအတွက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကကိုလျော့သွားဖို့ ဖြေသိမ့်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကို လုပ်ရမယ်” ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.