Connect with us

Politics, Law & Military

ရှမ်းပြည်နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မဘိမ်းမြို့နယ်၊ ငါးအိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ ဥယျာဉ်ပုကျေးရွာအနီး၊ ငါးအိုး-မဘိမ်း ကားလမ်း၊ ပိန်းလျှိုထိပ်(ဒေသအခေါ် ဒေါ်ဆောင်ရှို)ဝါးရုံတောအတွင်း မေ ၁၁ရက်က မသင်္ကာဖွယ်ပီနံအိတ်ထုပ်များ တွေ့ရှိကြောင်း သတင်းအရ မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါးရုံတောအတွင်းရှိ ပီနံအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၇.၀၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၂၄၁.၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄,၆၈၀ သိန်း)နှင့် မြန်မာငွေ ၂၀၃ သိန်း တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ယင်းဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.