Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၃,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၃,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ဖေဖော်ဝါရီ  ၁၆ ရက် တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၀၅:၃ဝ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်တွင် မသင်္ကာဖွယ်မော်တော် ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမ တွေ့ရှိဘဲ ယာဉ်ပေါ်တွင်သို ဝှက် သယ်ဆောင်လာ သော စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၉၀,၀၀၀ ပြား(ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃,၈၀၀ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.