Connect with us

Politics, Law & Military

လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်းမကြီး ဘေး၌ မိုင်းတစ်လုံးတွေ့ရှိ၊ ၁ဝ၅ မိုင်အနီး အသံမိုင်းနှစ်လုံးပေါက်ကွဲ

ပြည်ထောင်စုလမ်းမကြီးဘေး၌ ရှင်းလင်းနိုင်ခဲ့သော မိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ မိုင်းတစ်လုံးတွေ့ရှိပြီး ၁၀၅ မိုင်အနီး အသံမိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေးတွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းရာ ယင်း လမ်းမကြီး၏ တောင်ဘက် ပေ ၂ဝ ခန့်အကွာ ချုံပုတ် အတွင်း၌ အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်ရီမုမိုင်းတစ်လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာနေ ဦးလှအောင်(ဘ) ဦးမရန်ကျော်အောင်၏ နေအိမ် အမိုးပေါ်နှင့် အိမ်အနီးမြေသားကား လမ်းမပေါ်တွင် ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီအချိန်ခန့်တွင် ဒေသန္တရ လက်လုပ် အသံမိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေရာများအား လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.