Connect with us

Politics, Law & Military

မြန်မာအစိုးရ စစ်တပ်မှ ကိုးကန့်အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေ

( ၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားတွင် မြန်မာ့ လေတပ်မတော်မှ ဂုဏ်ပြု ပျံသန်းစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် နှစ်ရက်အတွင်း ပိုမို မဟာဗျူဟာကျသည့် တောင်ကုန်းများ သိမ်းယူ ရရှိနိုင်ရေးအတွက် အစိုးရ တပ်မတော်သည် ကိုးကန့်တပ်များအား လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင် နေကြောင်း အစိုးရ၏ မီဒီယာတွင် မတ်လ (၁၁) ရက်က ဖော်ပြထားသည်။

လုံထမ်ရွာ အနီးရှိ တောင်ကုန်းများတွင် အခြေယူ ထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (MNDAA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်ဖြစ်ပွားပြီးနောက် မတ်လ (၉) ရက်တွင် အစိုးရက တောင်ကုန်း တချို့ ကို သိမ်းပိုက်နိုင်ခဲ့သည်။

(MNDAA) အခြေယူ ထားသည့် နယ်စပ် တွင် အစိုးရ တပ်မတော်မှ လက်နက်ကြီးနှင့် ပစ်ခတ် ခဲ့ပြီး မတ်လ (၁၁) ရက် နေ့တွင် မဟာဗျူဟာ ကျသည့် တောင်ကုန်း တချို့ကို သိမ်းယူခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားသည့် နှစ်ရက်တွင် အစိုးရဘက် မှ (၂)ဦး ကျဆုံးကာ (၇)ဦး ဒဏ်ရာ ရရှိခဲ့ သည်။ အတည်မပြုနိုင်သော စာရင်းများအရ အစိုးရဘက်မှ (၇၅) ဦးကျဆုံးပြီး (၁၉၆) ဦး ဒဏ်ရာရရှိ ကာ (MNDAA) ဘက်မှ (၈၆) ဦး ကျဆုံးပြီး (၃၀) ဦး ဖမ်းဆီးရမိခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117