Connect with us

Politics, Law & Military

အစိုးရသစ်အတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၆၀၀ ကျော် ဖြတ်တောက်ရန် လွှတ်တော်သို့တင်ပြ

ပြည်ထောင်စုလွှတ်တော်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အစိုးရသစ်အတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၆၀၀ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ယင်း ဥပဒေကြမ်းအပေါ် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့က စိစစ်ချက်များဖြင့် ဖြတ်တောက်မှုအပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှုး ဒေါက်တာမြတ်ဉာဏစိုးက ကိုယ်စားတင်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း မှ ဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့အ စည်းများက သုံးစွဲရန်တောင်းခံ ထားသည့် အသုံးစရိတ်သည် ကျပ် ငွေဘီလီယံပေါင်း၂၁,၀၀၀ ကျော်ရှိပြီး ကျပ်ငွေ ၃၇ ဘီလီယံသာဖြတ်တောက်ရန် လျာထားခဲ့သော်လည်း အဆ ၂၀ ခန့်တိုးမြှင့်ကာ ကျပ် ၆၂၉ ဘီလီယံ (ကျပ်သန်းပေါင်း ၆၂၉,၀၀၀ကျော်) ဖြတ်တောက်ရန် ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဌာန များက ရငွေကျပ် ၈.၇ထရီ လီယံ(ကျပ်ဘီလီယံပေါင်း ၈,၇၀၀ ကျော်)ရှိရာတွင် ၁၂.၄ထရီ လီယံခန့်ပြန်သုံးစွဲကြောင်း၊ နိုင်ငံ တော်ပိုင်စီးပွားရေးအဖွဲ့အစည်း များသည်လည်း ဝင်ငွေကျပ် ခုနစ်ထရီလီယံ ခန့်ရှိပြီး ရရှိငွေထက် ပိုမို ရင်းနှီးမြှုပ်နှံမှုကများနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.