Connect with us

Politics, Law & Military

သိန္နီမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၃၆,၀၀၀)ကီလိုဂရမ် သိမ်းဆည်းရမိ

အမိုနီယံနိုက်ထရိတ်သိမ်းဆည်းရမိသည့် မှတ်တမ်းဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

သိန္နီမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၃၆,၀၀၀)ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ၁ရး၃၀နာရီ အချိန်တွင် သိန္နီမြို့နယ်၊ ကွတ်ခိုင်အထွက် ပြည်ထောင်စုကားလမ်း မိုင်တိုင်(၂၁၃/၇)၌ မသင်္ကာဖွယ် ယာဉ်(၃)စီး မှာ ရပ်တန့်ထားကြောင်း သတင်းအရ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတာဝန်ကျလျက်ရှိသော ပူးပေါင်းအဖွဲ့တို့မှ သွားရောက်ရှာဖွေရာ အောင်သူဝင်း၊ (၂၈)နှစ် အုန်းချောရွာ ၊ပုသိမ်ကြီးမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်အေး (၂၂)နှစ် ထုံးဘိုတောင်ကျေးရွာ၊ အမရပူရမြို့နယ်နေသူလိုက်ပါလာသော 2C/ xxxx CANTER (၆)ဘီးယာဉ်ပေါ်မှ အမိုနီယံနိုက်ထရိတ် ပီနံအိတ်(၂၄၉)အိတ် ၉၉၆၀ ကီလိုဂရမ်အားလည်းကောင်း၊ ခင်မောင်သန်း (၅၈)နှစ် အုန်းချောရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇင်မင်းထက်(၂၀)နှစ် တော်လှကျေးရွာ အမရပူရမြို့နယ်နေသူ လိုက်ပါလာသည့် 6B/xxxx Nissan (၆)ဘီးယာဉ်ပေါ်မှ အမိုနီယံနိုက်ထရိတ်ပီနံအိတ်(၂၂၆)အိတ် ၉၀၄၀ကီလိုဂရမ်အားလည်းကောင်း၊ ဖီးတက်(၂၁)နှစ် မန္တလေးမြို့နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဝင်းဇော် (၂၇)နှစ် အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူလိုက်ပါလာသည့် 9B/xxxx Nissan (၁၂)ဘီးယာဉ်ပေါ်မှ အမိုနီယံနိုက်ထရိတ် ပီနံအိတ်(၄၂၅)အိတ် ၁၇,၀၀၀ ကီလိုဂရမ် အားလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းဖီးတက် နှင့် ပိုင်ရှင်ဝင်းဇော်ဦး တို့အား သိန္နီမြို့မရဲစခန်းတွင် (ပ)၂၅၃/၂၅၄/၂၅၅/၂၀၁၇ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.