Connect with us

Politics, Law & Military

မောင်တော၌ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒိုင်းနက်လူမျိုး နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ

ဒိုင်းနက်လူမျိုးနှစ်ဦး အသတ်ခံရသော နေရာပြမြေပုံ (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ် နယ်မြေ(၁) နယ်စပ်မှတ်တိုင် (၄၆-၄၇)ကြားအနီး၌ အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ထားသူ ၁၅ ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒိုင်းနက်လူမျိုး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အောင်သပြေကျေးရွာနေ တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၄ ဦးသည် အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ တောဝက်ခြေရာခံ လိုက်ဖမ်းရာ နယ်စပ်ခြံစည်းရိုးနှင့်ကိုက်(၁၀၀)ခန့်အကွာအရောက် အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ထားသူ ၁၅ ဦးခန့်မှ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူနှစ်ဦးသည် ပြန်လည်ထွက်ပြေးခဲ့ရာ ည ၁၀ နာရီအချိန်တွင် အောင်သပြေကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာ ရရှိသူ ၂ ဦးအား အောင်သပြေ ဆေးရုံမှတစ်ဆင့် မောင်တောဆေးရုံသို့ ဆက်လက်တင်ပို့ခဲ့ပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီခွဲတွင် သေဆုံးသူ ၂ ဦး အား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာသားလမ်းပြ ၂ ဦးဖြင့် လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်နေရာ၌ ပြန်လည်တွေ့ရှိ သဖြင့် အောင်သပြေကျေးရွာသို့ ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.