Connect with us

Politics, Law & Military

ဟတ်ကာကုန်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲရေး စခန်းကို ဝင်ရောက် ရှင်းလင်းနိုင်ခဲ့

ဟတ်ကာကုန်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲရေး စခန်းအား ရှင်းလင်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၁၂) ရှိ လားရှိုးရေပူစမ်းမှ လေးမိုင်ခွဲခန့်ရှိ ဟတ်ကာကုန်း တောင်ကြောပေါ်တွင် တဲစခန်းများ အခိုင်အမာတည်ဆောက်ကာ မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၄၆ ဦး အား မေလ ၄ ရက် နံနက်ပိုင်းက သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရ မိခဲ့ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြပ်မတ်မှုဖြင့် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဖေဝင်း၊ အမှတ်(၂၄) မူးယစ် တပ်ဖွဲ့စုမှူး ရဲမှူးရဲနိုင် တို့ဦးစီးသော မြို့မရဲစခန်းနှင့် နယ်မြေ ရဲစခန်းတို့ ပူးပေါင်း ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ၈ဝ ခန့်သည် အဆိုပါ ဟတ်ကာကုန်း မူးယစ်ဆေးဝါး စခန်းကို မေလ ၄ ရက် နံနက် ၃ နာရီ ခွဲခန့်တွင် ဝင်ရောက် စီးနင်း ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးရာ မူးယစ်ဆေးဝါး ရောင်းချသူ၊ သုံးစွဲသူ အမျိုးသား ၄၅ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄၆ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ ဘိန်းဖြူဆပ်ပြာ ခွက် ၃၆ ခွက်၊ ရာမဆေးပြား ၂၈၂ဝ၊ ချီတုံစံ အမှုန့်ပါ ပုလင်း ၈ဝ၊ ဓားမျိုးစုံ ၃၂ လက်၊ ဆေးထိုးအပ်အချောင်း ၃ဝ,ဝဝဝ ခန့်၊ ဆိုင်ကယ်မျိုးစုံ ၁၇ စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့ အသုံးပြုသော တဲခုနစ်တဲကိုလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.