Connect with us

Politics, Law & Military

အကျဉ်းသားဆိုသည့် စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရန် မရှိကြောင်း ဆို

ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြစ်ဒဏ်ကျခဲ့သည့် အကျဉ်းသားများအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ တန်းတူ အခွင့်အရေး ရစေရန် ဥပဒေ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရရှိနိုင်ရန် နိုင်ငံရေး အကျဉ်းသားဆိုသည့် စကားရပ်အပေါ် အဓိပ္ပါယ် ဖွင့်ဆိုရန် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ကပြောသည်။

မရမ်းကုန်း မဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်က နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်ပါတီအချို့မှ ကိုယ်စားလှယ် များပူးပေါင်း၍ “နိုင်ငံရေး အကျဉ်းသား” ဟူသည့်စကားရပ်ပေါ် ဥပဒေအရရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုရန် ကိစ္စအား ယနေ့ ပြည်သူ့ လွှတ်တော်တွင် မေးမြန်ချက်အား ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မှ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၄၇ တွင် နိုင်ငံတော်တွင် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ဥပဒေ၏ အကာအကွယ် တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည် ဟု ပြဌာန်းထား သဖြင့် အကျဉ်းသားများအား အဆင့်အတန်း ခွဲခြားသည့် စနစ်ကို ပြန်လည် ဖော်ဆောင်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ကွဲလွဲ ဆန့်ကျင်နေမည် ဖြစ်ကြောင်း၊ အကျဉ်းသား အားလုံး၏ အဆင့်အတန်းကို မြှင့်တင်ပေးခြင်း ကသာလျှင် အကျဉ်းသားများအား ပြစ်ဒဏ်ပေးသည့် သဘောမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲကာ လူကောင်း ၊သူကောင်း များဖြစ်လာစေရန် နှင့် ပြစ်ဒဏ် လွတ်မြောက် ပြီးသောအခါ ထိုက်သင့်သော အသက်မွေးမှု ပညာရပ်များ တတ်မြောက် သွားစေရန် ရည်ရွယ်ထားကြောင်း ၊ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားဆိုသည့် စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရန် မရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ဆိုသည်။

အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားများအား ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ ပြစ်ဒဏ် ဆိုင်းငံ့ လွတ်ငြိမ်းခွင့် (၄၉) ကြိမ်၊ လွတ်ငြိမ်းချမ်းသာခွင့် (၅) ကြိမ်၊ စုစုပေါင်း (၅၄) ကြိမ်တွင် အကျဉ်းသား အမျိုးသား ၆၀,၇၂၁ ဦး၊ အမျိုးသမီး ၁၀,၁၈၃ ဦး စုစုပေါင်း ၇၀,၉၀၄ ဦးကို လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့ ပြည်သူ့ လွှတ်တော်တွင် နိုင်ငံရေး အကျဉ်းသား ဆိုသည့် စကားရပ်အား ဆွေးနွေးသကဲ့သို့ အမျိုးသားလွှတ်တော်တွင် အကျဉ်းထောင်ဥပဒေ ကြမ်းအား စတင်ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.