Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် (ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများတက်ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာလာပြီး နေပြည်တော်သို့ မွန်းလွဲ ၁၁နာရီ ၃၅မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-အေပက်ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ နှင့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုဝင်ဘာ ၉ ရက်နေ့က စတင် ထွက်ခွာသွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.