Connect with us

Politics, Law & Military

အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းစုဆောင်း ခံရသူများ စစ်မှုထမ်းဆောင်နေခြင်း လုံး၀ မရှိစေရေး ဖော်ထုတ် လျက်ရှိ

ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂ ရက်(ဆင်ဟွာ)

အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းစုဆောင်း ခံရသူများ စစ်မှုထမ်းဆောင်နေခြင်း လုံး၀ မရှိစေရေး ဖော်ထုတ် လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်မှ နိုင်ငံတော် အစိုးရ၏ ပထမ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ယနေ့ မေ ၂ ရက်တွင် နေပြည်တော်၌ ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့ တပ်မတော်ကို ကလေး စစ်သား အသုံးပြုသည့် စာရင်းမှ ပယ်ဖျက်ခွင့် ရရှိရေး CTFMR (မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေး နှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်း အဖွဲ့) နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာ့ တပ်မတော် အနေဖြင့် အရွယ် မရောက်သေးသူ ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် နိုင်ရေး အတွက် CTFMR နှင့် ပူးပေါင်း၍ Plan of Action စာချုပ်ကို လက်မှတ် ရေးထိုးကာ စာချုပ်ပါ အတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတူ အစိုးရသစ်၏ တစ်နှစ်တာ ကာလ အတွင်း အရွယ် မရောက်သေးသူ ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး ကိစ္စရပ်များကို နိုင်ငံတော် အစိုးရ နှင့် CTFMR တို့ပူးပေါင်း ဆောင်ရွက်ခဲ့မှုများ အနက် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ် တွေ့ရှိရသည့် စစ်သည် ၆၆ ဦးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် တပ်မတော်မှ လုပ်ထုံးလုပ်နည်း နှင့် အညီ နုတ်ထွက်ခွင့်ပြု၍ မိဘ/အုပ်ထိန်းသူများ ထံသို့အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ဆင့်ပွား သင်တန်းများကို တိုင်းစစ်ဌာနချုပ်များ အစီအစဉ်ဖြင့် နှစ်လ တစ်ကြိမ် ဖွင့်လှစ်လျက် ရှိကြောင်း ၊ တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသည့် စစ်သည်များအား နည်းလမ်း မမှန်ဘဲ မှားယွင်း စုဆောင်းခဲ့သည့် အရာရှိ ၊ အခြား အဆင့် စုစုပေါင်း ၂၀ ဦး တို့ကို စစ်စည်းကမ်း အရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ရေး ဝန်ကြီးဌာနမှ တက္ကသိုလ် လေ့ကျင့်ရေးတပ်များ ပြန်လည် ဖွင့်လှစ်ပေးမှု ၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်များ နှစ်စဉ် စိုက်ပျိုး ပြီးစီးမှု ၊ သဘာဝဘေး အန္တရာယ် ကျရောက်စဉ် ပြည်သူများအား ကူညီ ထောက်ပံ့မှု ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အချိန် နှင့် တပြေးညီ ဆောင်ရွက်ပေးခဲ့မှု ၊ ကျေးလက် ဒေသများတွင် ကျန်းမာရေး စောင့်ရှောက် ပေးနိုင်မှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.