Connect with us

Politics, Law & Military

ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်တွင် နိုင်ငံတော် သမ္မတ ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုသတ်မှတ် ဖော်ပြ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အထိမ်းအမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်အား နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့ရာတွင် အမှတ်စဉ် ၁ တွင် နိုင်ငံတော် သမ္မတ ဖြစ်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အမှတ်စဉ် ၂ နေရာတွင် သတ်မှတ် ထုတ်ပြန်ခဲ့သည်။

ထို့နောက် အမှတ်စဉ်အလိုက် ဒုတိယသမ္မတ (၁) ၊ ဒုတိယသမ္မတ (၂) ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်ထောင်စုတရားသူကြီးချုပ် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ပြည်ထောင်စု ရှေ့နေချုပ် ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်များ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ၊
ဥပဒေကြမ်းကော်မတီ ၊ ပြည်သူ့ငွေစာရင်းကော်မတီ ၊ လွှတ်တော်အခွင့်အရေးကော်မတီ ၊
အစိုးရ၏ အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ၊ တိုင်းမှူးများ ၊ ဒုတိယဝန်ကြီးများ ၊ ဒုတိယရှေ့နေချုပ် ၊ ဒုတိယစာရင်းစစ်ချုပ် ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ ၊
နေပြည်တော်ကောင်စီဝင်များ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၊ ဒုတိယဥက္ကဋ္ဌများ ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများဟု သတ်မှတ် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.