Connect with us

Politics, Law & Military

အင်းစိန်ဈေးရှိ အပ်ချုပ်ဆိုင်၌ လက်လုပ်မိုင်း တစ်ခုတွေ့ရှိ

အင်းစိန်ဈေးအတွင်းကတွေ့ရှိသော လက်လုပ်မိုင်းအားတွေ့ရစဉ်(မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အင်းစိန်ဈေးအတွင်းရှိ အပ်ချုပ်ဆိုင်တစ်ဆိုင်၌ ယနေ့ နံနက်ပိုင်းက လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ အပ်ချုပ်ဆိုင်၌ ဒီဇယ်ပုလင်းအတွင်း သံတိုသံစများထည့်ထားကာ ဝါယာကြိုးများဖြင့် သွယ်တန်းပြီး မီးပလက်တပ်ထားသော လက်လုပ်မိုင်းကို ဆိုင်ဝန်ထမ်းတစ်ဦးက တွေ့ရှိပြီး ဈေးတာဝန်ရှိသူများအား အကြောင်းကြားခဲ့ကြောင်း အင်းစိန်မြို့ရှိ ရဲမှူးတစ်ဦးက ဆင်ဟွာကို ပြောသည်။

“ ဒီလက်လုပ်မိုင်းကို ဈေးပိတ်ချိန် လာထားသွားတယ်လို့တော့ ယူဆရတယ်၊ ဆိုင်ကသာ မသိပဲ မီးတွေဖွင့်လိုက်ရင် ထပေါက်အောင်လုပ်ထားပုံရတယ်၊ခုတော့အားလုံးရှင်းပြီးသွားပါပြီ”ဟု ၎င်းက ဆိုသည်။

ယင်း လက်လုပ်မိုင်းအား တပ်မတော် GEတပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.