Connect with us

Politics, Law & Military

အစိုးရသစ် စတင် တာဝန်ယူသည့်နေ့တွင် ဝန်ကြီးဌာနများက ရရန် ရှိသော ပြည်တွင်း ကြွေးမြီ ကျပ် ၆၉ ဘီလျံကျော် ရှိ

ရရန် ရှိသော ပြည်တွင်း ကြွေးမြီများနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အစိုးရသစ် စတင် တာဝန်ယူသည့် ၂၀၁၆ ဧပြီလ ၁ ရက်နေ့တွင် ဝန်ကြီးဌာနများက ရရန်ရှိသော ပြည်တွင်း ကြွေးမြီပေါင်း ကျပ် ၆၉ ဘီလျံကျော် (ကျပ် ၆၉၃၉၁ ဒသမ ၂၅ သန်း) ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော်သို့၎င်း တင်ပြခဲ့သည့် စာရင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကျပ် ၈၆၇ ဒသမ ၅ သန်း၊ စက်မှု ဝန်ကြီးဌာနက ကျပ် ၂၂၀၁၆ ဒသမ ၉၉ သန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ် ၂၅၃ ဒသမ ၉၀၇ သန်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ကျပ် ၁၉၃၉၀ ဒသမ ၃၂၆ သန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနက ကျပ် ၄၃၆ ဒသမ ၇၃၂ သန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ကျပ် ၅၉၅ ဒသမ ၉၁၅ သန်း နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကျပ် ၂၅၈၂၉ ဒသမ ၈၈ သန်း — စုစုပေါင်း ကျပ် ၆၉၃၉၁ ဒသမ ၂၅ သန်း ရှိကြောင်း ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.