Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော်သို့ သီးသန့် ရန်ပုံငွေမှ လုပ်ငန်း ၆ ခု အတွက် ကျပ် ၃,၉၁၅ သန်းကျော် ခွဲဝေ သုံးစွဲထားမှု နိုင်ငံတော် သမ္မတ ပေးပို့

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ လုပ်ငန်း (၆) ခုအတွက် ကျပ် ၃,၉၁၅ သန်းကျော် ခွဲဝေ သုံးစွဲထားကြောင်း ပေးပို့ခဲ့သည်။

အဆိုပါ လုပ်ငန်း ၆ ခုသည် နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆိုင်ရာ လုပ်ငန်း (၁) ခု၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆိုင်ရာလုပ်ငန်း (၁)ခု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဆိုင်ရာ လုပ်ငန်း (၁) ခု၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုင်ရာ လုပ်ငန်း (၁) ခု ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆိုင်ရာ လုပ်ငန်း (၂) ခုတို့ ဖြစ်သည်။

နိုင်ငံတော် သမ္မတ၏ အဆိုပါ ပေးပို့မှုကို ပြည်ထောင်စု လွှတ်တော် နာယကမှ ယနေ့ မှတ်တမ်း တင်ထားလိုက်သည်။ (Xinhua)