Connect with us

Politics, Law & Military

လူမှုရေးကဏ္ဍတွင် မသန်စွမ်းသူအခွင့်အရေးအပါအဝင် သဘောတူချက် ကိုးခု ရရှိ

၂၁ ရာစု ပင်လုံ လုပ်ငန်းကော်မတီ အစည်းအဝေးကို MICC II တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွက် လုပ်ငန်းကော်မတီ အစည်း အဝေးများကို နေပြည်တော် MICC II တွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ကဏ္ဍအလိုက် ကျင်းပလျက်ရှိရာ တတိယနေ့၊ ယနေ့နောက်ဆုံးနေ့တွင် လူမှုရေး ကဏ္ဍ၌ မသန်စွမ်းသူ အခွင့်အရေး အပါအဝင် သဘောတူချက် ကိုးခု ရရှိခဲ့သည်ဟု UPDJC အတွင်းရေးမှူး တစ်ဦးဖြစ်သည့် ဦးဇော်ဌေး က မီဒီယာသို့ ပြောခဲ့သည်။

“ကျွန်တော်တို့ CSO ဖိုရမ်က ကိုယ်စားလှယ်တွေထဲမှာ မသန်စွမ်း အဲ့ဒီ ဥက္ကဋ္ဌတွေ ပါပါတယ်။ နိုင်ငံ တကာမှာက အဆောက်အဦတွေ ဆောက်တာပဲဖြစ်ဖြစ်၊ Public Area တွေမှာ ဖြစ်ဖြစ် မသန်စွမ်းတွေ အတွက် အခွင့်အရေးတွေ၊ သူတို့ပါဝင်နိုင်တဲ့ နေရာတွေ၊ ကျွန်တော်တို့ ဆီမှာ လုပ်ထားတာ မရှိဘူး။

နောက်ပိုင်း အဆောက်အဦတွေ ဘာတွေ ဆောက်ရင် မသန်စွမ်းတွေ အတွက် Wheel Chair လိုင်း ပေါ့ ဒါမျိုးတွေ ပါရမယ်။ နောက်တစ်ခုက မျက်စိမမြင်တဲ့ သူတွေ လမ်းလျှောက်နိုင်တဲ့ လမ်းလေးတွေ ပေါ့၊ အဖုအထစ်လေးတွေနဲ့ ဒါမျိုးတွေ ပါရမယ် ဆိုပြီး နိုင်ငံတကာမှာတော့ လုပ်နေကြပြီ။ အခု ကျွန်တော်တို့ ဒီမှာ အဲ့တာကို သဘောတူညီချက် တစ်ရပ်အနေနဲ့ ဒီမနက်မှာပဲ သဘောတူလိုက် တယ်။ သဘောတူချက် အားလုံး ကိုးချက်လောက် ရပါတယ်” ဟု ၎င်းကဆိုသည်။

“မနက်ဖြန် NRPC မှာ UPDJC အတွင်းရေးမှူးအဖွဲ့ ဆွေးနွေးပွဲလုပ်ပါမယ်။ ဒီလုပ်ငန်းကော်မတီ ၅ ခု ကနေပြီးတော့ တက်လာတဲ့ မူဝါဒ စာတမ်းတွေ၊ အတွင်းရေးမှူးအဖွဲ့ကရော ပြန်ပြီးတော့ ကျွန်တော် တို့ ပြင်ဆင်မယ်။

ပြင်ဆင်ပြီးရင် တနင်္လာနေ့မှာ NRPC မှာ UPDJC လုပ်မယ်။ UPDJC လုပ်တဲ့ အခါ ကျရင် ဒီလုပ်ငန်းကော်မတီက ဆွေးနွေးလာတဲ့ မူဝါဒ အဆိုပြုချက်တွေပေါ့၊ အခြေခံမူတွေ၊ ဒါတွေကို တစ်ချို့ ကျွန်တော်တို့ လူမှုရေး ကဏ္ဍဆိုရင် သဘောတူညီချက် အတိုင်းပဲ၊ တစ်ချို့ နိုင်ငံရေး ကဏ္ဍ လိုဟာမျိုး အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဟာတွေ ကျရင်တော့ အဆိုပြုချက်တွေကို Option အနေနဲ့ တင်မယ်။ လာမယ့် တနင်္လာ UPDJC မှာ ထပ်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင် ကျွန်တော်တို့ ၁၁ ရက်နေ့ ငြိမ်းချမ်းရေး ညီလာခံ စတဲ့အခါမှာ ပြန်ပြီး ဆွေးနွေးမယ်” ဟုလည်း ဦးဇော်ဌေး ရှင်းပြခဲ့သည်။

နိုင်ငံရေး ကဏ္ဍနှင့် ပတ်သက်ပြီး UPDJC အတွင်းရေးမှူး တစ်ဦးဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က “အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့၊ ကျွန်တော်တို့ သုံးစု သုံးဖွဲ့ကနေ တင်တဲ့ဟာတွေကို စုစည်း ချက် တွေ လုပ်တယ်။ က ကနေ စ လုံးအထိ အချက် ရှစ်ချက် ရတယ်၊ အဲ့ဒီ ကျားမ တန်းတူရေး ကိစ္စနဲ့ ပတ်သက်တဲ့ အဲ့ဒီ ရှစ်ချက်ကို UPDJC ကို တင်သွင်းမှာ ဖြစ်ပါတယ်။ တစ်ချို့အချက်တွေ ကတော့ ကျွန်တော်တို့ အားလုံး သုံးဖွဲ့ စလုံးကို သဘောတူနိုင်တဲ့ အချက်တွေ ရှိတယ်။ နိုင်ငံရေး ကဏ္ဍမှာ ကျားမ တန်းတူရေး ကိစ္စတစ်ခုတည်းကိုပဲ ဖြစ်နေတဲ့ အပေါ်မှာ ကျွန်တော် ဆွေးနွေးတဲ့ ဆွေးနွေးချက်ကတော့ သိပ်ပြီးတော့ အခက်အခဲ မရှိလောက်ဘူးလို့ ကျွန်တော် အဲ့လိုပဲ သုံးသပ်ပါတယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117