Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ရေးရာ ဦးဆောင် ကော်မတီ ကို အဖွဲ့ခေါင်းဆောင် ဦးဝင်းမြင့် နှင့် အဖွဲ့ဝင် ဦးမန်းဝင်းခိုင်သန်း တို့ပါဝင် ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)မှ လွှတ်တော် ရေးရာ ဦးဆောင် ကော်မတီ ဖွဲ့ စည်းလိုက်ကြောင်း ထုတ်ပြန် ကြေညာချက်ကို တွေ့ရစဉ် (ဓာတ်ပုံ- National League for Democracy)

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် လွှတ်တော် အသီးသီး၏ လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် နိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ လွှတ်တော် ရေးရာ ဦးဆောင် ကော်မတီ ကို အဖွဲ့ခေါင်းဆောင် အဖြစ် ဦးဝင်းမြင့် နှင့် အဖွဲ့ဝင်အဖြစ် ဦးမန်းဝင်းခိုင်သန်း အပါအဝင် စုစုပေါင်း ၅ ဦးဖြင့် ယနေ့ဇန်နဝါရီ ၂၇ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

လွှတ်တော် ရေးရာ ဦးဆောင် ကော်မတီသည် လွှတ်တော် အစည်းအဝေးများ ကျင်းပမည့် အစီအစဉ် ရေးဆွဲခြင်း ၊ လွှတ်တော် အစည်းအဝေးများသို့တက်ရောက်ရန် ဧည့်သည်တော်များအား ဖိတ်ကြားခြင်း ၊ လွှတ်တော် အစည်းအဝေးများသို့လေ့လာခွင့် တင်ပြမှုများကို စိစစ် ခွင့်ပြုခြင်း ၊ လွှတ်တော် အစည်းအဝေး များသို့သတင်း ရယူမည့် ပြည်တွင်း ၊ ပြည်ပ သတင်းမီဒီယာများကို စိစစ် ခွင့်ပြုခြင်း နှင့် အခြားသော လွှတ်တော် ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့အတွက် သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးများ ၊ လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လွှတ်တော် ရေးရာ ဦးဆောင် ကော်မတီ ကို အဖွဲ့ခေါင်းဆောင် အဖြစ် ဦးဝင်းမြင့် ၊ အဖွဲ့ဝင်များ အဖြစ် ဦးမန်းဝင်းခိုင်သန်း ၊ ဦးမင်းဦး ၊ ဒေါ်ခင်စန်းလှိုင် နှင့် ဦးအောင်စိုး တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.