Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ၊ ဒုသမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်သစ်နှုတ်ခွန်းဆက် စကားပြောကြား

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒုတိယ သမ္မတများဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ယနေ့ ဧပြီ ၁၇ ရက်၌ နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်မှုခရီးမှာလည်း တစ်စုတည်းတစ်စည်းတည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါ စေ၊ ခေတ်ဟောင်း စနစ်ဟောင်းက အတွေးအခေါ် အယူအဆ အလေ့အထတွေကို ဘေးဖယ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခွင့်ကောင်း အခါကောင်းမှာ အတွေးသစ် အမြင်သစ် ကျင့်စဉ်သစ်တွေကို အတူတကွရွေးချယ်နိုင်ကြပါစေကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက် မိန့်ခွန်းတွင် ငြိမ်းချမ်းရေး၊ အဂတိတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ပြုပြင်ပြောင်းလဲရေး၊ တောင်သူလယ်သမား လူမှုဘဝမြှင့်တင်ရေး၊ ဥပဒေအထောက်အကူပြုရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ တရားရေးမဏ္ဍိုင်၊အလုပ်သမားအရေး၊ အခြေခံအဆောက်အဦ၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံရေးကဏ္ဍအလေ့အလွှင့်မရှိရေးစသည့်တို့ကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

“ယခုလို ကောင်းမြတ်တဲ့ မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိပါစေ၊ ငြိမ်းချမ်းရေး ရရှိတာနဲ့အမျှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်ပါစေ၊ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို တိုင်းရင်းသားပြည်သူများ အားလုံး အတူတကွ မျှမျှတတ ခံစားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်”ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၉ခုနှစ် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင်“ဒီမိုကရေစီခိုင်မာရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသားများအားလုံးရဲ့ ပေါင်းစည်းညီညွတ်မှုအင်အားနဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ ကြုံတွေ့လာမယ့် ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင် မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

သြင်္ကန်ဆိုသည့် မူလစကား သင်္ကန္တ၊ ပြောင်းရွှေ့ခြင်း၊ ပြောင်းလဲခြင်းဆိုသည့် အဓိပ္ပာယ်အတိုင်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပိုမိုကောင်းမွန်သည့်၊ ပိုမိုတိုးတက်သည့်၊ ပိုမိုအေးချမ်းသာယာသည့် အခြေအနေမျိုးကို ပြောင်းလဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ၁၃၈၀ ပြည့်နှစ် တစ်နှစ်လုံးအတွင်းမှာ ကဏ္ဍ ပေါင်းစုံ အတွေ့အကြုံများ ဖြတ်သန်းခဲ့ရပါတယ်။ အဆိုပါ အတွေ့အကြုံများသည် ၁၃၈၁ ခုနှစ်အတွက် ခွန်အားသစ်များဖြစ်ပြီး နိုင်ငံ၏ ဘက်ပေါင်းစုံ တိုးတက်သည့် အခြေအနေမျိုးကို ဖန်တီးနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.