Connect with us

Politics, Law & Military

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲကြေညာချက်အရ တအောင်း(ပလောင်) အမျိုးသားပါတီမှ ထပ်တိုးအနိုင်ရရှိ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲရုံတစ်ခု မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲ ကြေညာချက်အရ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မှုလက စုစုပေါင်း ၁၁၈ နေရာ အနိုင်ရရှိထားရာမှ အမျိုးသား လွှတ်တော်တွင် တစ်နေရာ လျော့သွားခဲ့ပြီး တအောင်း(ပလောင်) အမျိုးသားပါတီမှ မူလက စုစုပေါင်း ၁၁ နေရာ အနိုင်ရရှိထားရာမှ အမျိုးသား လွှတ်တော် တစ်နေရာ ထပ်တိုး အနိုင်ရရှိသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)၏ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲ ကြေညာချက်အရ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မှုလက အမျိုးသားလွှတ်တော်နေရာ တွင် ၁၂ နေရာ အနိုင်ရရှိထားရာမှ ယခုအခါ ၁၁ နေရာသာ ရရှိခဲ့ပြီး တအောင်း(ပလောင်) အမျိုးသားပါတီမှ မူလက အမျိုးသားလွှတ်တော်နေရာ တွင် ၁ နေရာသာ အနိုင်ရရှိထားရာမှ ၂ နေရာ အထိ ထပ်တိုး အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ နိုဝင်ဘာ ၁၂ ရက်နေ့ကြေညာချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းဆာလူသည် ရှမ်းပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထပ်ဆင့် ကြေညာပေးခဲ့ကြောင်း ၊ သို့ရာတွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ နိုဝင်ဘာ ၂၃ ရက်စွဲပါ ကြေညာချက်အရ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ဆန္ဒမဲ အများဆုံးဖြင့် ရွေးကောက်တင်မြှောက်ခံရသူမှာ တအောင်း(ပလောင်) အမျိုးသားပါတီမှ ဦးညီစိန် ဖြစ်ကြောင်း ပြင်ဆင် ပြောင်းလဲ၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယခု ထုတ်ပြန်သော
ကြေညာချက်အမှတ် ( ၉၅ / ၂၀၁၅ )တွင် ဖော်ပြထားသည်။

ထိုကြောင့် သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉(ခ)နှင့်အညီ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၅) တွင် ရွေးကောက်တင်မြှောက်ခံရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မှာ ဦးညီစိန် တအောင်း (ပလောင်) အမျိုးသားပါတီ ဖြစ် ကြောင်း ပြင်ဆင်ပြောင်းလဲ ကြေညာလိုက်ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.