Connect with us

Politics, Law & Military

နိုင်ငံတစ်ဝန်းရှိ ကျေးရွာမြေများ မြေဌားဂရန် ရရှိရေး လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူး လုပ်ငန်းအဖွဲ့မှ သတင်း ထုတ်ပြန်

မြန်မာ့ ကျေးလက်နေ ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာမြေများကို မြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် နိုင်ငံတော် အစိုးရသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့် ကျေးလက်နေ ပြည်သူ တစ်ဦး တစ်ယောက်ချင်း အနေဖြင့်သော် လည်းကောင်း၊ အိမ်ထောင်စု (၁ဝဝ) (သို့မဟုတ်) ခြံကွက် (၁ဝဝ) တစုတပေါင်းတည်း အနေဖြင့်သော် လည်းကောင်း ကျေးရွာ မြေငှား ဂရန်ရရှိရေး လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့မှ သတင်း ထုတ်ပြန် လိုက်သည်။

ကျေးရွာမြေများကို မြေငှားဂရန် ထုတ်ပေးခြင်းအားဖြင့် ကျေးလက် နေပြည်သူများ အတွက် ဥပဒေနှင့်အညီ ခိုင်မာသော မြေယာ ပိုင်ဆိုင်မှုများ ရရှိလာမည်ဖြစ်ပြီး လူနေမှု အဆင့်အတန်းလည်း တိုးတက် မြင့်မားလာမည် ဖြစ်သည့် အပြင် ကျေးလက်နှင့် မြို့ပြ ကွာဟမှုကိုလည်း လျှော့ချနိုင် မည်ဖြစ်ကြောင်း တစ်ဖက်မှလည်း နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတက် ရရှိနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူး လုပ်ငန်းအဖွဲ့သည် လုပ်ငန်းများ လျင်မြန် ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စု မြေငှားဂရန် ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းပြီး မြို့နယ် တစ်မြို့နယ်လျှင် မြေယာမှုခင်း အရှုပ်အထွေး မရှိသော ကျေးရွာ တစ်ရွာစီအား ရွေးချယ်၍ ရှေ့ပြေး စမ်းသပ်မှု လုပ်ငန်း (Pilot Project) အနေဖြင့် စတင် ဆောင်ရွက်ခဲ့ရာတွင် ပုံမှန် သမားရိုးကျ လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်ခြင်း မပြုဘဲ ကျေးရွာသို့ လက်တွေ့ကွင်းဆင်းပြီး ကျေးရွာ အိမ်ထောင်စုများက စုပေါင်း လျှောက်ထားစေလျက် ကျေးလက် ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှု အသွင်ဖြင့် ဆောင်ရွက် ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ခဲ့ သဖြင့် မြို့နယ် ပေါင်း (၃၃ဝ) မြို့နယ် ရှိသည့်အနက် မြို့နယ် (၂၈၃) မြို့နယ်ရှိ ကျေးရွာ (၂၈၃) ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ လ ၃၁ ရက်နေ့အထိ စုစုပေါင်း မြေငှားဂရန် (၃၂,ဝ၅၇) ခုကို ထုတ်ပေး နိုင်ခဲ့သည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117