Connect with us

Politics, Law & Military

ကရင်ပြည်နယ်ရှိ NLD ရပ် / ကျေး ဥက္ကဌ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမှုအတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဟုဆို

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ရန်ကုန် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဇူလိုင် ၁ ရက်နေ့ ညပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ ကော့သင်းရှူး ကျေးရွာ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ် / ကျေး ဥက္ကဋ္ဌ ဦးစောဂျော်နီ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမှုကိစ္စ အတွက် အမှုမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဘားအံမြို့နယ် ရဲစခန်းမှ ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြား ခဲ့သည်။

အဆိုပါ အမှုကိစ္စ အတွက် (ပ) ၃၉ /၂၀၁၅ ဖြင့် အမှုဖွင့် စုံစမ်း နေကြောင်းဆိုသည်။ ဦးစောဂျော်နီသည် သေနတ် ဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးခဲ့ရကြောင်းနှင့် သေနတ်ဖြင့် အပစ်ခံရသည့် နေရာတွင် ၉ မမ ကျည်ခွံများကို တွေ့ရှိခဲ့ရကြောင်း ဘားအံ ရဲစခန်းမှ ပြောကြား ခဲ့သည်။

NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က “ကျွန်မတို့ ပါတီ အနေနဲ့ ကတော့ ရဲစခန်းမှာ တိုင်ချက် ဖွင့်ထားတယ် ၊ ရဲစခန်းကတော့ စုံစမ်း စစ်ဆေး နေတယ်လို့ ပြောတယ်။ ဒီနေ့တော့ သူ့ရဲ့နာရေး ကိစ္စတွေကို ဆောင်ရွက်နေတယ်”ဟု ပြောကြား ခဲ့သည်။
အဆိုပါ အခင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ည ၁၁ နာရီ အချိန်တွင် ဦးစောဂျော်နီ နေအိမ်၌ ယောက္ခမ တစ်ဦးနှင့် ကလေး သုံးဦး အိပ်မောကျနေရာ သေနတ်သံကြား၍ ထကြည့်သည့် အခါ ဦးစောဂျော်နီမှ သွေးအိုင်ထဲတွင် သေဆုံးနေတာကို တွေ့ရှိခဲ့ရကြောင်း ၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်ပေး နေသူ ကရင်ပြည်နယ် NLD ပါတီမှ ဦးမောင်မောင် ကပြောသည်။ “ရဲစခန်းကို ညတွင်းချင်း သွားတိုင်ခဲ့တယ်။ ရဲစခန်းက ပုဒ်မ ၃၀၂ လူသက်မှုနဲ့ အမှုဖွင့်ထားတယ်။ လောလောဆယ်မှာ သူ့ ရုပ်အလောင်းကို ဘားအံ ရေခဲတိုက်မှာ သွားထုတ်နေတယ်။ ဒီနေ့ နေ့လည် ၁ နာရီတွင် ကော့သင်းရှူး သင်္ချိုင်းမြေချမယ်၊ ဒီကိစ္စ နှင့်ပတ်သက်ပြီး အမှုမှန် အမြန် ပေါ်ပေါက် စေလိုတယ်” ဟု ဦးမောင်မောင်က ပြောကြား ခဲ့သည်။ (Xinhua)