Connect with us

Politics, Law & Military

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွား အတွက်ကိုသာ အဓိကထား ဆောင်ရွက်သွားမည်ဟုဆို

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြနေစဉ်(ဓာတ်ပုံ-Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွား အတွက်ကိုသာ အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော်၌ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက် များအား သက်ဆိုင်ရာ ပုဂ္ဂိုလ်များသို့ရှင်းလင်း တင်ပြရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့အချိန်အခါနှင့်အခြေအနေသည် မိမိအကျိုး ၊ မိမိပါတီအဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ဆောင်ရွက်ရမည့် အချိန် ဖြစ်ကြောင်း ထို့အတွက် အားလုံးပါဝင်ပေးကြပါရန် ၊ အကြံဉာဏ်နှင့် အကူအညီများပေးကြပါရန် ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြနေစဉ်(ဓာတ်ပုံ- Thura U Shwe Mann Facebook)

“ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အချိန်က စပြီး နိုင်ငံတော်နဲ့နိုင်ငံသား အတွက်ပဲ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။လွှတ်တော်ရဲ့လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် အကူအညီတွေ ပေးသွားမယ် ဆိုတဲ့ အကြောင်း ရှင်းပြတာပါ။တချို့အပြင်မှာ သတင်းထွက်နေသလို အပြစ်ပြောမယ်။ဥပဒေတွေ ပြင်မယ်။ အရေးယူမယ် ဆိုတဲ့ ဟာမျိုးတွေ မဟုတ်တဲ့ အကြောင်း ရှင်းပြတာပါ။အခုတော့ ကော်မရှင်က ပြည်တွင်း အခွန် အကောက် နဲ့သက်ဆိုင်တဲ့ ဥပဒေတွေ ၊ နောက်ပြီး ပြင်ဆင် ပယ်ဖျက် အသစ် ပြဌာန်းရန် ဆိုတဲ့ ဥပဒေတွေကို စိစစ်နေပါတယ်။”ဟု ကော်မရှင် အဖွဲ့ဝင် ဦးစောလှထွန်းက ဆင်ဟွာသို့ပြောသည်။

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော်မရှင် အဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.