Connect with us

Politics, Law & Military

ကော်မရှင် ဥက္ကဋ္ဌ တာဝန်အား နိုင်ငံ နှင့် နိုင်ငံသားများ အကျိုးစီးပွား အတွက် ကျရာနေရာမှ လစာငွေ မယူဘဲ လက်ခံ ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းဆို

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လွှတ်တော်ဝန်းအတွင်းရှိ I-1 အဆောက်အဦတွင် ကျင်းပပြုနေစဉ် (ဓာတ်ပုံ-Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန် အား နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ကျရာနေရာမှ ပူးပေါင်း ဆောင်ရွက် သွားမည် ဟု မူလရည်ရွယ်ချက်ထားရှိသည့်အတိုင်း ကော်မရှင်ဥက္ကဋ္ဌတာဝန်အား လစာငွေရယူခြင်းမပြုဘဲ လက်ခံ ဆောင်ရွက်ပါမည်ဖြစ်ကြောင်း သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါရန် သူရဦးရွှေမန်းအား ကမ်းလှမ်းလာခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြရေးသားထားသည်။

ထိုကြောင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်းကို အတည်ပြု ခန့်အပ် ခဲ့ပြီးနောက် နေ့လည်ပိုင်း အချိန်တွင် ကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လွှတ်တော်ဝန်းအတွင်းရှိ I-1 အဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.