Connect with us

Politics, Law & Military

ဦးကိုနီ အသတ်ခံရမှု ဖြစ်စဉ် နှင့် ပတ်သက်၍ ပြစ်မှုကျူးးလွန်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သည့် တရားခံ အား ထပ်မံ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်

နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး ဦးကိုနီအား သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့ရသည့် ဖြစ်စဉ် နှင့် ပတ်သက်၍ ပြစ်မှု ကျူးးလွန်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သည့် တရားခံ အောင်ဝင်းဇော် ကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးးလွန်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သည့် တရားခံ အောင်ဝင်းဇော် သည် ရန်ကုန်မြို့မှ ဘားအံမြို့သို့ထွက်ခွာသွားကြောင်း အတည်ပြု သတင်း ရရှိသဖြင့် ဆက်စပ် တိုင်းဒေသကြီး/ ပြည်နယ် များသို့ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စေခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းအား ပြစ်မှု ဖြစ်ပွားပြီး ၁၂ နာရီအတွင်း ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်း အချိန်တွင် သံလွင်တံတား(ဘားအံ)၌ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့အတူ ပြစ်မှု ကျူးးလွန်ရာတွင် ပါဝင်သူ ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်း စစ်ဆေး ဖော်ထုတ်လျက် ရှိရာ ဖော်ထုတ် ရရှိမှု အခြေအနေများ အပေါ် မူတည်၍ ပြည်သူသို့အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း ၊ ပြည်သူများ အနေဖြင့် ဘာသာရေး နှင့် လူမျိုးရေး သွေးထိုး လှုံ့ဆော်မှုများကို အထူး သတိပြု ုကြပါရန် ၊ ယခုဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းများ ၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများ တွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ် အသိပေးကြရန် သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံ လေ့လာရေး ခရီးမှ အပြန် ရန်ကုန်လေဆိပ်သို့ရောက်ရှိစဉ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း အချိန်တွင် သေနတ်သမား တစ်ဦးက အနီးကပ် ပစ်ခတ်သဖြင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင်တာဝန်ရှိ ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်း ဖမ်းဆီးမှုကြောင့် ပြစ်မှု ကျူးးလွန်သူူ ကြည်လင်းအား အခင်းဖြစ်ပွားရာ နေရာ အနီး၌ ဖမ်းဆီး ရမိခဲ့ကာ ၎င်းအားစစ်ဆေး ဖော်ထုတ်ချက်များနှင့်သိမ်းဆည်းရမိသည့် သက်သေခံ ပစ္စည်းများ အရ ပြစ်မှု ကျူးးလွန်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သူကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.