Connect with us

Politics, Law & Military

၂ဝ၁၇ ခုနှစ် မေလမှ စတင်ကာ သစ်အချောထည် နှင့် အကြမ်းထည်များ ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းသွားမည်

သစ်အချောထည်များပြုလုပ်နေစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် မေလမှ စတင်ကာ သစ်အချောထည် နှင့် အကြမ်းထည်များ ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂ဝ၁၇ ခုနှစ် မေ ၁ ရက်ကစပြီး ပြည်တွင်း ရောင်းဝယ်ရေး နှင့် သစ်စက်ဌာန က ရောင်းချပေးသည့် သစ်လုံးများနှင့် သစ်ခွဲသား များအား ပြည်ပတင်ပို့မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ပည်တွင်းသုံး သစ်များအား ပြည်ပပို့သည့် အတွက် ပြည်တွင်းတွင် သစ်သုံးစွဲမှု မလုံလောက်မည်ကို စိုးရိမ် စိုးရိမ်သည့်အတွက် ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းရခြင်းဖြစ်ကြောင်းဆိုသည်။

ပြည်ပသို့ သစ်ခွဲသား၊ သစ်လုံးများ၊ သစ်အကြမ်းထည် နှင့် သစ်အချောထည် များ တင်ပို့မှုမှာ ကုန်ကြမ်း ရှားပါးမှုနှင့် ကုန်ကျစရိတ် တိုးမြင့် လာမှုကြောင့် တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ပြည်ပသို့ သစ်ခွဲသားများ တင်ပို့မှု လျော့နည်း လာကြောင်း၊ ပြည်တွင်း ဈေးကွက်တွင် သစ်အသုံးပြု မှုနှင့် ရောင်းချမှု မလုံလောက် မှုများ ထပ်မံမကြုံ စေလို၍ ပြည်ပတင်ပို့ ရောင်းချမှုကို သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.