Connect with us

Politics, Law & Military

တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ရက်ပေါင်း ၃၀ ကြာ ဆောင်ရွက်မည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးရန် မဲစာရင်း သွားရောက် ကြည့်ရူနေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ကြားဖြတ်ရွေးကောက် ပွဲပြုလုပ်မည့် မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်းအား ပြည့်စုံ မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို ၂၀၁၅ ခုနှစ် မဲစာရင်းအပေါ် အခြေခံ၍ ပြင်ဆင်ခြင်း/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများအား နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေညာခဲ့သည်။

မဲစာရင်း ပြည့်စုံ မှန်ကန်ရေး အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ် မဲဆန္ဒနယ်များရှိ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအနေဖြင့် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းနှင့် မဲစာရင်းကပ်ထားကြေညာသည့် အချိန်တွင် မဲစာရင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သော တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်း တို့ကို ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် ကော်မရှင်မှ အသိပေး ကြေညာခဲ့သည်။ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်းအား သက်ဆိုင် ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်အထိ ကပ်ထားကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)