Connect with us

Politics, Law & Military

မြန်မာ-တရုတ်-လာအို-ထိုင်း ၄ နိုင်ငံ မဲခေါင်-လန်ချန်းမြစ်ကြောင်း ပူးပေါင်းကင်းလှည့်ခြင်း အပေါ်ညှိနှိုင်းမှု အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပ

မြန်မာ-တရုတ်-လာအို-ထိုင်း ၄ နိုင်ငံ မဲခေါင်-လန်ချန်းမြစ်ကြောင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-Yangon Politics)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်-လာအို-ထိုင်း ၄ နိုင်ငံ မဲခေါင်-လန်ချန်းမြစ်ကြောင်း ပူးပေါင်းကင်းလှည့်ခြင်းအပေါ် ညှိနှိုင်းမှု အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ရန်ကုန်မြို့ရှိ Summit Park View Hotelကျင်းပပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက်သာမက မဲခေါင်ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သတင်းအချက်အလက်ဖလှယ်မှုများပိုမို မြှင့်တင်ပူးပေါင်း ဆောင်ရွက်ရေး၊ မဲခေါင်မြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် နယ်စပ်ဆက်ဆံရေးရုံးများ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင်

ဖြစ်ပွားမှုအများဆုံးဖြစ်သည့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လောင်းကစားမှုနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရောင်း/ဝယ်မှုများ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ

တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုများပိုမိုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း

အစည်း အဝေးကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ၊ တရုတ်၊လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော မဲခေါင်မြစ်ကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစ၍ (၄)နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့ပြီး ပူးပေါင်းကင်းလှည့်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကင်းလှည့်ဆောင် ရွက်ခြင်းအပါအဝင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အပြန်အလှန်ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သောကြောင့် မဲခေါင်ဒေသတွင် ယခင်(၁၀)နှစ်ကာလနှင့် နှိုင်းယှဉ်ပါက များစွာအေးချမ်းတည်ငြိမ်မှု ရှိလာသည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး

ဗိုလ်ချုပ် အောင်စိုးက ပြောကြားသည်။

အဆိုပါ အဆင့်မြင့်အရာရှိကြီးများအစည်းကို Summit Park View Hotel ၌ကျင်းပပြုလုပ်ခဲ့ရာ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်စိုး၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး၊ ရေေကြောင်းရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ရဲဆက်ဆံရေးသံမှူးကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာ၊ တရုတ်၊

လာအို၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် စုစုပေါင်း၅၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.