Connect with us

Politics, Law & Military

အခွန်ပေးဆောင်ရန်ကျန်ရှိသည့် ကားအရောင်းစင်တာ ၇၀ အားအခွန်ပေးဆောင်ရန် ပြည်တွင်းအခွန်မှ ကြေညာချက်ထုတ်ပြန်

အခွန်ပေးဆောင်ရန်ကျန်ရှိသည့် ကားအရောင်းစင်တာ ၇၀၏ စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကားအရောင်းပြခန်း နှင့် အရောင်းစင်တာများဖွင့်လှစ်၍ မော်တော်ယာဉ် များတင်သွင်းရောင်းချနေသော ကုမ္ပဏီများအနက် ကုမ္ပဏီ (၇၀)ခုတို့သည် ၁၂-၁-၂၀၁၇ရက်အထိ ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်များအတွက် ကျသင့်အခွန်များပေးဆောင်ရန် ပျက်ကွက်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ကြေညာချက်ထုတ်ပြန်သည်။

ဖော်ပြပါကုမ္ပဏီများအနေဖြင့် အခွန်စည်းကြပ်မှုခံယူရမည့် သက်ဆိုင်ရာအခွန်ရုံးများသို့ ဆက်သွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ကျသင့်အခွန်များပေးသွင်းကြရန် လိုအပ်ကြောင်း၊ တိုးမြှင့်သတ်မှတ်ပေး သည့်ကာလအတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်သည့် ကုမ္ပဏီများသည် တည်ဆဲအခွန် ဆိုင်ရာဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အရေးယူခြင်း၊ တရားစွဲဆိုခြင်းတို့ကို ခံရနိုင်မည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.