Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်းငါးထောင် ကျော်ဖိုးရှိဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ

ဘိန်းညိုမှုန့်များအား ကြမ်းခင်းအံဝှက်အတွင်းဝှက်ယူလာမှုအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်းငါးထောင် ကျော်ဖိုးရှိ ဘိန်းညိုမှုန့်/ခဲထုပ်(၄၆)ထုပ်အား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက်(၁၀)နာရီ ခန့်က မိုင်းပန်မြို့နယ် မူးယစ်တပ်ဖွဲ့စု(၂၇လွိုင်လင်)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(မိုင်းပန်မြို့နယ်)၊ အခြေချစစ်ဗျူဟာအဖွဲ့ (အခြေချ) လင်းခေး၊ စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့(မိုင်းပန်)၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တော၊ လဝကနှင့်သံလွင်(တာဆန်းတံတား) ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ၎င်းဂိတ်အတွင်းဖြတ်သန်းသွား လာနေသော မော်တော်ယာဉ်၊ ဆိုင်ကယ်များအား ရပ်တန့်ရှာဖွေစစ်ဆေး မှုပြုလုပ်နေစဉ် မိုင်းပန်မှ မိုင်းတုံမြို့နယ်ဘက်သို့ ယာဉ်မောင်း — (၃၃)နှစ်၊ လိုက်ပါလာသူ ဦး–(၅၃)နှစ်ပါရှိသည့် ယာဉ်အမှတ် (9G—) NISSAN NAVARA ခဲရောင် အမျိုး အစားမော်တော်ယာဉ် မှမော်တော်ယာဉ်နောက်ခန်း (ကြမ်းခင်းအံဝှက်အတွင်း)တွင် အဝါရောင် တိတ်ဖြင့်ပတ်ထားသော တစ်ကီလိုဂရမ်ခန့်စီရှိ ဘိန်းညိုမှုန့်(၃၆)ထုပ်နှင့် ၎င်းအတိုင်း ပတ်ထားသည့် တစ်ကီလို ဂရမ်ခန့်စီပါ ဘိန်းအညိုခဲ(၁၀)ထုပ်၊ စုစုပေါင်း ၄၆-ထုပ်(၄၆ကီလိုဂရမ်) ကာလတန်ဖိုး တစ်ကီလိုဂရမ်လျှင် ကျပ်သိန်း(၁၂၀)ပေါက် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း(၅၅၂၀)သိန်းဖိုးအား ရှာဖွေစစ်ဆေးတွေ့ရှိဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး ဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်သွားနိုင်ရန် ရဲအုပ်အေးမင်းကျော် မူးယစ်တပ်ဖွဲ့(၂၇-လွိုင်လင်)မိုင်းပန်မြို့နယ်မှ တရားလိုပြုအမှုဖွင့် ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.