Connect with us

Politics, Law & Military

အထွေထွေ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက် နိုင်ရန် ရွေးကောက် ပွဲကော်မရှင် နည်းလမ်းရှာ

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနေသူတစ်ဦးပုံ (ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနေသူတစ်ဦးပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် နိုင်ငံရေးပါတီများ၊ ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် မီဒီယာများတို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေနေကြောင်း ရွေးကောက်ပွဲကော်မရှင်က စနေနေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ အနိုင်ရရှိရေးအတွက် ရည်ရွယ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလ နှောင်းပိုင်း (သို့) နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပ မည်ဖြစ်ကြောင်း ရွေးကောက် ပွဲကော် မရှင် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ စည်းရုံးရေး လှုပ်ရှားမှုများသည် ကော်မရှင် ညွှန်ကြားချက်များကို လိုက်နာပြီး စည်းရုံးမှု ပြုလုပ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံရေးပါတီ တစ်ခုချင်းစီ သည် ရွေးကောက်ပွဲဥပဒေနှင့် မညီညွှတ်သော မဲဆွယ်မှုများ မပြုလုပ်ရန် နှင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာ ရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလ တွင် ပြင်ဆင်ရန် အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရန် စီစဉ်ထားသည်။

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး ဦးသိန်းစိန် သမ္မတအဖြစ် ၅ နှစ်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် လစ်လပ်နေရာ ၄၅ နေရာအတွက် ကျင်းပခဲ့ရာ အတိုက်ခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ၄၃ နေရာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နေရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.