Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများသည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးစဉ်(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် Gen. Prayut Chan-o-Cha နှင့်တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်းပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် အကြမ်းဖက် သမားများက အုပ်ချုပ်ရေးအဖွဲ့များနှင့် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့တိုက်ခိုက်သတ်ဖြတ်ခဲ့မှုကြောင့် ယနေ့အထိအဆိုပါဒေသတွင် တိုက်ခိုက်မှုဖြစ်စဉ် ၈၁ ခုဖြစ်ပွားခဲ့ပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်း ၁၅ ဦး နှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မိမိတို့နိုင်ငံသားများကို တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက် ပေးစေလိုကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ယခုထက် ပိုမိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားစီးပွားရေးကဏ္ဍများ တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်တွင် ကောင်းမွန်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ လူကုန်ကူးမှု၊ တရားမဝင် လက်နက်ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.