Connect with us

Politics, Law & Military

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် အိတ်ချ်အိုင်ဗွီ ကုဆေး (ART) အတွက် ကန်ဒေါ်လာ ၁၅ သန်း သုံးစွဲမည်

၂၀၀၁၆- ၂၀၁၇ ခုနှစ် ကမ္ဘာ့အေအိုင်ဒီအက်စ် အထိမ်းအမှတ်အခမ်းအနားတွင် တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် အိတ်ချ်အိုင်ဗွီ ကုဆေး ဝယ်ယူရန် အတွက် ယမန်နှစ်ကထက် သုံးဆ (အမေရိကန် ဒေါ်လာ ၁၅ သန်း) သုံးစွဲမည်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့World AIDS အထိမ်းအမှတ် အခမ်းအနားတွင် ပြောခဲ့သည်။

“ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ အေအာတီ ဆေးကုသရေးလု်ငန်း အတွက် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူ ဖြည့်တင်းရန် အမေရိကန် ဒေါ်လာ ၁၅ သန်းနဲ့မူးယစ်ဆေး အစားထိုး မက်သာဒုန်း ဆေး တိုက်ကျွေးရေး လုပ်ပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာတစ်သန်းတို့ကို ရန်ပုံငွေ ခွဲေ၀ ချထားပေးခဲ့ပါတယ်” ဟု ယနေ့နံနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော့World AIDS အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ခုခံအားကျဆင်းရေး ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွ ထည့်ဝင်မှုကို ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်မှ စပြီး နှစ်စဉ် တိုးမြှင့် သုံးစွဲလာခဲ့ကြောင်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်၏ သုံးစွဲမှုသည် ၂၀၁၀ – ၂၀၁၁ ဘဏ္ဍာနှစ်ထက် ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ အသုံးစရိတ် ဆန်းစစ် လေ့လာချကိ (National AIDS Spending Assessment) အရ သိရှိရကြောင်း၊ ၂၀၁၅ -၁၆ တွင် အေအာတီ ဆေးကုသရေး လုပ်ငန်းအတွက် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် အမေရိကန် ဒေါ်လာ ငါးသန်းနှင့် မူးယစ်ဆေး အစားထိုး မက်သာဒုန်းဆေး တိုက်ကျွေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ တစ်သန်းခွဲေ၀ ချထားပေးခဲ့ရာ အေအာတီ ဆေး အတွက် ယခုနှစ် သုံးစွဲရန် ရာထားချက်မှာ ယမန်နှစ်ကထက် သုံးဆရှိကြောင်းလည်း ဝန်ကြီးကပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.