Connect with us

Politics, Law & Military

ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေး ကော်မရှင်မှ အသိပေး ကြေညာ

၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပတွင်ရောက်ရှိနေသော သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများရှိ ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရန် သက်ဆိုင် ရာကော်မရှင် အဖွဲ့ခွဲများ နှင့် သက်ဆိုင်ရာ အကြီးအမှူးများက ပူးပေါင်း ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေညာချက်အား ထုတ်ပြန်ခဲ့သည်။

လစ်လပ် မဲဆန္ဒနယ်များ အတွက် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒ မဲပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများတွင် ၂၀၁၇ ခုနှစ် ၊ မတ်လ ၃ ရက်မှ ၁၀ ရက် အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးဆောင်ရွက်ရန် ၊ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲများသို့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရန် တို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူး များသည် ကြိုတင်ဆန္ဒမဲပေးမည့် ရက်ကို မိမိတို့ဌာနတည်ရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ အနည်းဆုံး(၃)ရက် ကြိုတင်အကြောင်းကြား၍ ညှိနှိုင်း ဆောင်ရွက် သွားရန်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆေးရုံများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနအောက်ရှိ ရဲအချုပ်စခန်း၊ အကျဉ်းစခန်းများတွင် ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက် နောက်ပိုင်းတွင်မှ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက် ကုသရသူများနှင့် အချုပ် ခံနေရသူများ ရှိပါက သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲနှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.